Sunday, September 8, 2013

စက္ကူနဲ့ လုပ်တဲ့ Lamborghini ပြိုင်ကား Lamborghini Aventador AE2 စူပါ ပြိုင်ကားတစ်စီးကို ပုံမှာ မြင်တွေ့ရ ပါမယ်။

  သို့ပေမယ့် သူဟာ တကယ့်အစစ် မဟုတ်ပါဘူး။ စက္ကူ နဲ့ သေချာ ခေါက်ရိုးချိုး ဒီဇိုင်းချထားတဲ့ကား ဖြစ်ပါတယ်။ ဖန်တီးသူ ဒီဇီုင်နာ Tara Lesko ရဲ့  ကျွမ်းကျင်မှုကြောင့်ပါ။ ယင်းကဲ့သို့ပဲ အလားတူ ကားများကိုလည်း ခေါက်ရိုး အချိုချလို့ ဖန်တီးပါတယ်။ ၁ အချိုး ၁ စကေးနဲ့တော့ မဟုတ်ပါဘူး။ အရွယ်ငယ် ပါတယ်။ ၈ ပေ အရှည်ရှိတဲ့ ကား ဖြစ်ပါတယ်။ အလားတူပဲ အခြားသော Honda NSX, Bugatti Veyron, Audi A7 အစသဖြင့် ပြိုင်ကားများကိုလည်း ဖန်တီးပါတယ်။ Need for Speed ဂိမ်းစီးရီးမှာ ပါဝင်ခဲ့ ကား အားလုံးကို ကြိုးစားဖန်တီးဖို့ ဖြစ်ပါတယ်။ စက္ကူခေါက်တဲ့ ပညာရပ်ကလည်း လူတိုင်းမတတ်ပါဘူး။ ဒီဇိုင်နာ Taras Lesko နဲ့ အချိုးကျကျ ပြိုင်ကားတစ်စီး ခေါက်ဖို့အတွက် ကားများရဲ့  အစိတ်အပိုင်းကို သေချာ လေ့လာခဲ့ရပါတယ်။ သာမန် ကားဗိသုကာ ပညာရှင် တစ်ဦးမှာ ရှိတဲ့ အတွေးအခေါ် အယူအဆအတိုင်း ရရှိဖို့ဆိုတာ မလွယ်ပါဘူး။ Lamborghini ပြိုင်ကားဟာ အခြားပြိုင်ကားများနဲ့ မတူပဲ အဒွန့်အတတ်တွေ များတာ စက္ကူခေါက်မှ သိရ တွေ့ရပါတယ်။ Taras Lesko ရဲ့  ကြိုးပမ်းမှုကို အောက်ပါ ဗီဒီယိုမှာ လေ့လာ နိုင်ပါတယ်။ https://youtu.be/pBemhDxmg8A . Ref: autoblog ColayAutomobile အေးချမ်းမွန် Credit To >Colay:Automobile < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment