နေပြည်တော်၊ စက်တင်ဘာ ၁၄ ၁၃-၉-၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးသန်းထွန်း(၄၇)နှစ်ပိုင် ““FOCUS””လက်ဖက်ရည်ဆိုင်တွင် မီးဖိုမီးမွှေးရာမှ အနီးရှိဂက်စ်အိုးသို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၀၅၀၀အချိန် မီးညွန့်ကျိုးသွားပြီး ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် တိုက်ခံ၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အိမ်(၁)လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အိမ်(၅)လုံး၊ စုစုပေါင်းနေအိမ်(၆)လုံး၊ တန်ဘိုးငွေကျပ်(၁၃၅၀၀၀၀ိ/-) ဆုံးရှုံးခဲ့ပြီး လက်ဖက်ရည်ဆိုင်အလုပ်သမားများဖြစ်သော ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဇီးကုန်းတောင် ရွာနေ သန်းကျော်(၁၆)နှစ်နှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နေ အောင်ကိုမင်း(၂၅)နှစ် တို့သေဆုံးခဲ့သောကြောင့် ကျိုက်လတ်ဆေးရုံသို့ပို့ဆောင်ကာ ဦးသန်းထွန်းအား ကျိုက်လတ်မြို့မ ရဲစခန်း(ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲဇာနည် http://feeds.feedburner.com/thithtoolwin/yIWV http://pktkmk.blogspot.com/?m=1
No comments:
Post a Comment