Thursday, September 12, 2013

သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် အမေရိကန်နှင့် မြန်မာ ကြက်ခြေနီ အသင်းတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းများ

 သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် အမေရိကန်နှင့် မြန်မာ ကြက်ခြေနီ အသင်းတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောကြားသည်။ အဆိုပါ ပူးပေါင်းမည့် စီမံချက်မှာ ၁၈ လ ကြာမြင့်မည်ဖြစ်ပြီး ဆောင်ရွက်ရန် ကြိုတင်ဆွေးနွေးသည့် သြဂုတ်လမှ စတင်ကြောင်း၊ လက်တွေ့ လုပ်ဆောင်မှုများ ယခု စက်တင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း အဆိုပါအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေး ဌာနမှူး ဦးမောင်မောင်ခင်က ပြောကြားသည်။ အမေရိကန် ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းသည့်အတွက် ယင်းသို့ နှစ်နိုင်ငံ ကြက်ခြေနီအသင်းများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ပိုလိုအပ်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ သဘာဝဘေးအန္တရာယ် လျှော့ချရေး စီမံချက်ကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်း နာဂစ်မုန်တိုင်းကြောင့် အများဆုံး ပျက်စီးခဲ့သော ပင်လယ်ကမ်းခြေရွာ ငါးရွာ၊ စာသင်ကျောင်း ငါးကျောင်းနှင့် ရန်ကုန်မြို့ရှိ စာသင်ကျောင်း ငါးကျောင်းတို့တွင် စတင်သွားမည်စြဖ်ပြီး ယင်းနှစ်နိုင်ငံ ကြက်ခြေနီအသင်းအပြင် USAID နှင့် နိုင်ငံခြားဘေးဒုက္ခ ကူညီမှုရုံး (OFDA) တို့က ပူးပေါင်းကူညီပေးကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။ အဆိုပါ နှစ်နိုင်ငံ စီမံချက် ၁၈ လကြာအတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းကျော် သုံးစွဲသွားရန်ရှိကြောင်းနှင့် အဆိုပါစီမံကိန်းအတွက် လုပ်ငန်းပူးပေါင်း ဆောင်ရွက်မည့် သဘောတူညီမှု စာချွန်လွှာကို စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတွင် ရေးထိုးခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။""  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment