Friday, September 20, 2013

ဗိုလ်မှူးတစ်ဦးဟု လိမ်လည်ကာ ကျပ်သိန်းတစ်ထောင်လိမ်ယူ သတင်း / 23 hours ago

  မိမိကိုယ်ကို ဗိုလ်မှူးတစ်ဦးဖြစ်သူဟု ပြောဆိုလာသူ ဇနီးမောင်နှံ (၂) ဦးတို့ကမြေကွက် ရောင်းချမည်ဆိုကာ ကျပ်သိန်း တစ်ထောင်ကို ... မိမိကိုယ်ကို ဗိုလ်မှူးတစ်ဦးဖြစ်သူဟု ပြောဆိုလာသူ ဇနီးမောင်နှံ (၂) ဦးတို့ကမြေကွက် ရောင်းချမည်ဆိုကာ ကျပ်သိန်း တစ်ထောင်ကို လိမ်ယူသွားခဲ့ဟု တိုင်တန်းမှုအား ဗဟန်းရဲစခန်းက စက်တင်ဘာ ၁၈ ရက်တွင် အမှုဖွင့်စစ်ဆေး နေသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အောက်တိုဘာ ၂၇ ရက်ကလာရောက်လိမ်လည်ခြင်းဖြစ်ပြီး ပဲခူးမြို့နယ်နေသူ ဇနီးမောင်နှံနှစ်ဦးတို့က လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ်နေ တရားလိုဖြစ်သူ အမျိုးသမီးက အမှုဖွင့်ရာတွင် ထွက်ဆိုထားခြင်းဖြစ်သည်။ အိမ်သို့ လာရောက်ခဲ့သူ ဇနီးမောင်နှံမှအမျိုးသားဖြစ်သူက ၄င်းသည် ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ပဲခူးမြို့ ဟံသာဝတီလေဆိပ် အနီး အိမ်ရာစီမံကိန်းတွင် ၄င်းဇနီး အမည်ပေါက်ပိုင် မြေကွက် (၂၆၈၀) ဧကကိုအမည်ပြောင်း အပြီးအစီး ငွေကျပ်သိန်း (၇၀၀၀) ဖြင့် ရောင်းချလိုကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သည်ဟု ဆိုထားသည်။ ထို့ကြောင့် ၀ယ်ယူရန်သဘောတူခဲ့ပြီး စရန်ငွေအဖြစ် တရားလိုက ငွေကျပ်သိန်းတစ်ထောင်ကို စာချုပ်ချုပ် ဆိုပေးအပ် ခဲ့ပြီး ကျန်ငွေအား (၂) ပတ်အတွင်း ပေးချေမည်ဖြစ်ကြောင်းနှင့် မြေကွက်ကိုလည်း အဆိုပါ ဇနီးမောင်နှံက (၂) ပတ်အတွင်း အမည်ပေါက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ သို့သော် အဆိုပါဇနီးမောင်နှံမှာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ဗိုလ်မှူးဟု ပြောဆိုခဲ့ သူ အမျိုး သားမှာလည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကွယ်လွန်သွားပြီး ဗိုလ်မှူးတစ်ယောက် မဟုတ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်တန်းလိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါအမှုတွင် ငွေကျပ်သိန်း (၁၀၀၀) လိမ်လည်ခံရသူ တရားလို၏ အမည်၊ နေရပ်လိပ်စာတို့အား ဂုဏ်သိက္ခာ ငဲ့ကွက်သည့် အနေဖြင့် ထည့်သွင်းဖော်မှု မပြုခဲ့ခြင်းဖြစ်ပြီး အမှုဖွင့်တိုင်းတန်းခံထားရသူ ဇနီးမောင်နှံတို့၏ အမည်နှင့် လိပ်စာတို့ကိုလည်း စွပ်စွဲခံထားရသည့် အဆင့်သာရှိသေးသဖြင့် ထည့်သွင်းဖော်ပြမှုမပြု ထားခြင်းလည်းဖြစ်သည်။ ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက (ပ)၃၇၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူများအား ဖမ်းဆီးစစ်ဆေးရန် လုပ်ဆောင်လျက်ရှိပြီး ဖမ်းမိစစ်ဆေး၍ ဟုတ်မှန်ပါက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားစွဲတင်မည်ဖြစ်သည်။ Post by Burma News from Mizzima. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment