လွှတ်ပေးရန်စိစစ်နေဆဲမှာပင် နိုင်ငံရေးအကျဉ်းသားများ ထပ်တိုးလာနေသောကြောင့် သမ္မတဦးသိန်းစိန် ပြောဆိုထား သကဲ့သို့ ... လွှတ်ပေးရန်စိစစ်နေဆဲမှာပင် နိုင်ငံရေးအကျဉ်းသားများ ထပ်တိုးလာနေသောကြောင့် သမ္မတဦးသိန်းစိန် ပြောဆိုထား သကဲ့သို့ အကျဉ်းထောင်များထဲတွင်ရှိနေသည့် နိုင်/ကျဉ်းအားလုံးကို ယခုနှစ်ကုန်တွင်လွှတ်ပေးမည်မှာ မဖြစ်နိုင် ကြောင်း နိုင်/ ကျဉ်းစိစစ်ရေးကော်မတီဝင်ဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက သုံးသပ် ပြောဆိုလိုက်သည်။ “သမ္မတကြီးမျှော်မှန်းတဲ့ အကျဉ်းသားတစ်ယောက်မှ မကျန်အောင်လွှတ်ဖို့ဆိုတာ ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူး” ဟု ပြောသည်။ စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား သို့ တက်ရောက်လာသည့် ဦးကိုကိုကြီးက မဇ္ဈိမ၏မေးမြန်းမှုကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက “အခုစိစစ်နေတုန်းမှာပဲ ဒေါ်နော်အုန်းလှတို့၊ အခု ကိုဝင်းချိုတို့ ထပ်ပြီးအဖမ်းခံရတယ်။ တချို့ကျ တော့လည်း အမှုဆိုင်ဆဲ၊ တချို့လည်း အာမခံနဲ့ဆိုတော့ ကျွန်တော်တို့ ကော်မတီမှာ စာရင်းပိတ်လို့မရဘူး” ဟု လက်ရှိ အခြေအနေ ကို ရှင်းပြသည်။ ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိရန် ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန် သည် ဇူလိုင်လက ဗြိတိန်နိုင်ငံသို့သွားရောက်စဉ် ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် သြဂုတ် လဆန်းကလည်း ပြည်သူကို ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် သမ္မတကထပ်မံ ကတိပေးထားသေးသည်။ အခြေခံဥပဒေတွင် ပြည်သူများ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ရှိသည့် အခွင့်အလမ်းများကို ပေးထား သော်လည်း အစိုးရက ထိုအခွင့်အရေးများကို အသုံးချနိုင်ရန် ဖန်းတီးမပေးသောကြောင့် နိုင်ငံရေး အကျဉ်းသားများ ထပ်တိုးလာခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုကြီးက မှတ်ချက်ပြုသည်။ “ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အလမ်းကို မြို့နယ်အဆင့်မှာတင် ပယ်ချလိုက်တယ်ဆို ကျွန်တော်တို့က ဆန္ဒပြလို့ မရဘူး။ တချို့နေရာတွေဆို တစ်ကြိမ်တင်တယ်မရဘူး။ နှစ်ကြိမ်တင်တယ်မရဘူး။ ဘာကြောင့်လဲလည်း အကြောင်း မပြန်ဘူး။ အဲ့တော့ အဲ့ဒီလူအုပ်က လမ်းပေါ်လည်းထွက်ရော ပုဒ်မ ၁၈ နဲ့ထိတယ်” ဟု သူကထောက်ပြသည်။ သမ္မဦးသိန်းစိန်၏ အစိုးရသက်တမ်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ဆယ်ကြိမ်ပေးခဲ့ပြီး အကျဉ်းသားပေါင်း ခြောက်သောင်း နီးပါးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း တစ်ရာကျော် ကျန်ရှိနေသေး ကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြုစုထားသည့် စာရင်းဇယားတွင် တွေ့ရသည်။ Post by Mizzima - News in Burmese. Visit website http://mrcopyboy.blogspot.com/?m=1
http://pktkmk.blogspot.com/?m=1
Sunday, September 15, 2013
ယခုနှစ်ကုန်အထိပင် နိုင်ငံရေးအကျဉ်းသား အကုန်လွတ်မြောက်ဦးမည်မဟုတ်ဟု ကိုကိုကြီးဆို သတင်း / 1 hours ago
Subscribe to:
Post Comments (Atom)
No comments:
Post a Comment