Sunday, September 8, 2013

ဦးကျော်သူ၏ ပုံတူရုပ်တု စကျင်ရွာသားတစ်ဦး ထုဆစ်လှူဒါန်း

  ယုဝေ၊ ရေခဲ (ပြည်) | တနင်္လာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၃၅ မိနစ် နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ရုပ်ရှင် သရုပ်ဆောင်ဦးကျော်သူ၏ ပုံတူရုပ်တုတစ်ခုကို မတ္တရာမြို့နယ် စကျင်ရွာရှိ ပန်းတမော့လုပ်ငန်းတစ်ခုမှ ကိုဝင်းခိုင်ဆိုသူက ထုဆစ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်က လှူဒါန်းခဲ့သည်။ “သူ့ပုံတူကိုစဉ်းစားတဲ့အခါမှာ သူ့စိတ်ဓါတ်နဲ့တူတဲ့ အရောင်ကိုရှာတယ်။ (ကျောက်) အဖြူရောင်ကို ရွေးချယ်ပြီး ထုပါတယ်” ဟု အလှူရှင် ကိုဝင်းခိုင်ဦးက ဆိုသည်။ အမြင့် ၃၁ လက်မနှင့် အကျယ်လက်မ ၃၀ ရှိသော ထိုစကျင်ကျောက်ဖြူရုပ်တုကို မထုလုပ်မီ ကာယကံရှင် ဦးကျော်သူကို ခွင့်တောင်းခဲ့ကြောင်း ကိုဝင်းခိုင်ဦးကဆက်ရှင်းပြသည်။ ထိုရုပ်တုကို ရန်ကုန်ရှိနာရေးကူညီမှုအသင်းတွင် ထားရှိမည်ဟုလည်း ဦးကျော်သူက မဇ္ဈိမကို ပြောသည်။ ကိုဝင်းခိုင်ဦးသည် ထိုရုပ်တုကို နှစ်လကျော်ကြာ တစ်ဦးတည်း မနားတမ်းထုဆစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။ ဦးကျော်သူသည် ချို့တဲ့သည့်ပြည်သူများ၏ နာရေးအတွက် အခမဲ့ကူညီဆောင်ရွက်ပေးသည့် နာရေးကူညီမှု အသင်းကို ဒါရိုက်တာဦးသုခနှင့် ပူးတွဲတည်ထောင်ခဲ့ပြီး ဆောင်ရွက်ခဲ့သည်မှာ ၁၂ နှစ်တာကြာမြင့်ပြီ ဖြစ်ပြီး ထိုကာလများအတွင်း ရုပ်အလောင်း ၁၃၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့သည်ဟု ထိုအသင်းမှစုံ စမ်းရရှိသည်။ ဦးကျော်သူသည် ၂၀၀၉ ခုနှစ်က လန်ဒန်ရောက် မြန်မာများကပေးအပ်သည့် ပြည်သူ့ဘက်တော်သား အနုပညာ သမား ဆုချီးမြှင့်ခံခဲ့ရသလို၊ ၂၀၁၀ ခုနှစ်တွင်လည်း ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခြင်းခံ ခဲ့ရသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment