Thursday, September 26, 2013

လေးကျိုးပြီး ယာဉ်မှောက်၍ ၃၁ ဦးဒဏ်ရာရ

  နေပြည်တော်၊ စက်တင်ဘာ ၂၅ ၂၄-၉-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကြောင်ငယ် ရပ်ကွက်နေ စိုးလတ်ဦး(၂၆)နှစ်မောင်းနှင်လာသည့် ““အက်ဒမန်””ကုမ္ပဏီ အအေးခန်းစက်ရုံမှ ၂ခ/xxxx ကင်တာအမျိုးအစား ၀န်ထမ်းကြို/ပို့ယာဉ်သည် ပိန်္နဲတောင်ရွာမှ အလုပ်သမား(၅၀)ဦးခန့်အား တင်ဆောင်ပြီး ကုမ္ပဏီသို့မောင်းနှင်လာစဉ် ကျွဲကူးကျေးရွာလမ်းမကြီး၊ ဘိုတောင်လမ်းခွဲ၊ ““အဌဂံ””လက်ဘက်ရည်ဆိုင် အနီးအရောက်တွင် ယာဘက်ရှေ့လေးကျိုးပြီး ကျောက်ပုံပေါ်တိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါစက်ရုံအလုပ်သမား ကျား ၇ ဦး၊ မ ၂၄ ဦး၊ စုစုပေါင်း (၃၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မြိတ်ပြည်သူ့ဆေးရုံသို့တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးလတ်ဦးအား မြိတ်မြို့မရဲစခန်း ယာဉ်(ပ)၅၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment