Friday, September 20, 2013

>ရဲအင်အားများဖြင့် ၀င်ရောက်စီးနင်း ခံရသော ၀ဲကြီးကျေးရွာမှ ရွာသူရွာသား ၁၀ ဦးအား အမှုသုံးခုဖြင့် အမှုဖွင့်ထား

 Eleven Media Group < Thanks Re-posted By ACM 21-9-2013 https://www.facebook.com/excellencemedia "Created on Saturday, 21 September 2013 00:55 စက်တင်ဘာ ၁၉ ရက် ည ၂ နာရီ ၀န်းကျင်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် ရဲအင်အားဖြင့် ၀င်ရောက်စီးနင်းခဲ့သော ရွာရှိရွာသူရွာသား ၁၀ ဦးအား ဇေယျာသီရိမြို့နယ် ကျည်ထောင်ကန် ရဲစခန်းက ပုဒ်မ ၃၃၃ အပါအ၀င် အမှုသုံးမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ ဇေယျာသီရိ မြို့နယ်ရဲမှူးမှ တရားလို ပြုလုပ်၍ ပုဗ္ဗသီရိမြို့နယ် ကျည်ထောင်ကန် ရဲစခန်းသို့ ၀ဲကြီးကျေးရွာနေ ကိုဇော်လတ်၊ ဦးဝင်းလှိုင်၊ ဦးဝင်းရွှေ၊ ဦးထွန်းထွန်း၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်နှင့် ကိုစိုးမြင့်တို့အား စက်တင်ဘာ ၁၉ ရက်တွင် ပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာ ဦးခင်မောင်တင့်က "ဒီ ၁ နာရီခွဲ ၂ နာရီမှာဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲဆိုက်က ပြောထားတာက ၁၉ ရက် မွန်းလွဲ ၂ နာရီမှာ ၆၁ မှုနဲ့ ဆင့်စာပို့ထားတဲ့လူ ခြောက်ယောက်မလာလို့ ၀င်ဖမ်းတာပါလို့ ပြောထားတယ်။ သူတို့ မိန်းထားပြီးဖမ်းတဲ့ ကိုဇော်လတ်ဆိုတာက ၆၁ အမှုနဲ့ စွဲထားတဲ့ အထဲမှာ မပါဘူး။ ပြီးတော့ ဘာဖြစ်လို့ ဒီလို ကိုဇော်လတ်ကို ၀င်ဖမ်းတာလဲ။ ဒီကိုဇော်လတ်ဆိုတာ အဲဒီလို မကျူးလွန်ဖို့၊ မရောက်ဖို့ မပြောဖို့ NLD ပါတီ အနေနဲ့ အတင်းအကျပ် တားထားတာ။ ဒါပေမဲ့ အဲလို လုပ်ကိုင်ပေမယ့်လို့ သူကနေပြီး လုပ်ကိုင်ဆောင်ရွက်အောင် လှုံ့ဆော်ပါတယ်ဆိုပြီး သူ့ကိုအဓိကထားပြီး ၀င်ရောက်ဖမ်းဆီးပါတယ်" ဟု ပြောကြားသည်။ "ကျွန်တော်တို့ရွာကို ညအချိန်မတော် ဖမ်းဝရမ်း မပါ၊ မြို့နယ်လူကြီးတွေ မပါဘဲ ဥပဒေမဲ့ ၀င်ရောက်စီးနင်းပြီး မိသားစုကို နှိပ်စက်တာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ပါးစပ်ပိတ်ပြီး ပါးရိုက်တာ၊ နောက်ပြီး ရွာသားငါးဦး ဒဏ်ရာရရှိတာ ဘယ်လိုအရေးယူ ပေးမလဲ။ အခု ကျွန်တော်တို့ကို ဒီပုဒ်မတွေ တပ်ပြီးတော့ အမှုဖွင့်ထားတာ တစ်ဖက်သတ် ဆန်လွန်းအားကြီးနေတယ်။ ၆၁ နဲ့ အမှုဖွင့်ထားတယ် ဆိုတာကလည်း ကျွန်တော်တို့ စက်တင်ဘာ ၁၂ ရက်က ပြန်ကြားရေး ၀န်ကြီးဌာနက သိမ်းထားတဲ့ လယ်တွေထဲကို ထွန်ယက်တဲ့နေ့မှာ လယ်ထဲက ကျွန်းပင်တစ်ပင်ကို ခုတ်မှုနဲ့ စွဲဆိုတာပါ" ဟု ၀ဲကြီးကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ကိုဇော်လတ်က ပြောကြားသည်။ ကျေးရွာကျောင်းဆရာ တစ်ဦးက "၁၉ ရက်နေ့မှာ ၀ဲကြီးကျေးရွာ အတွင်းကို အင်အားနဲ့ ၀င်ပြီးတော့ ဖမ်းတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး မပါဘဲနဲ့ ၀င်ဖမ်းတယ်။ အဲဒီမှာ ကျေးရွာလူထုက ပြန်ခုခံတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ ကျေးရွာဆို ပိုဆိုးတယ်။ ကျေးရွာလူထုက တော်ရုံတန်ရုံ ဖိနှိပ်မှုနဲ့တော့ ရဲကိုပြန်ခုခံတာ၊ တိုက်ခိုက်တာ၊ ဖမ်းချုပ်တာမျိုး မရှိဘူး" ဟု ပြောကြားသည်။ စက်တင်ဘာ ၁၂ ရက်တွင် ထွန်တုန်းတိုက်ပွဲ ဆင်နွှဲပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် ၀ဲကြီးကျေးရွာရှိ ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်းနှင့် ကိုဝင်းလှိုင်တို့အား ဇေယျာသီရိ ရဲစခန်းမှ ကျွန်းပင်ခုတ်မှု ပုဒ်မ ၆၁ ဖြင့် အမှုဖွင့်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရဲအင်အားများသုံးကာ ရွာသို့ဝင်ရောက် စီးနင်းခဲ့ပြီး ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြမ်းဖက်မှုများ ဖြစ်ပွားကာ နှစ်ဦးနှစ်ဖက် ဒဏ်ရာများ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ ရွာသူရွာသား ၁၀ ဦးအား ပုဒ်မ ၃၃၃ အပါအ၀င် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် ထားရှိကြောင်း သိရသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 21-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment