မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ လက်ရှိအခြေအနေရောက်လာရန် စစ်တပ်က အဓိကဖန်တီးထားခြင်း ဖြစ်သည်ဟု ... မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ လက်ရှိအခြေအနေရောက်လာရန် စစ်တပ်က အဓိကဖန်တီးထားခြင်း ဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။ “လက်ရှိတိုင်းပြည် မတည်ငြိမ်သေးတဲ့ အခြေအနေမှာ တပ်မတော်သားတွေရဲ့ အခန်းကဏ္ဍဟာ မပါမဖြစ်ပါရမှာပဲ။ ဒီအခြေအနေ ထိရောက်ဖို့လဲ တပ်မတော်သားတွေက လုပ်ခဲ့တာပဲ၊ လွှတ်တော် ကြီးရှိနေတာလဲ တပ်မတော်က ဆောက်ခဲ့တာပဲ။ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုကို ဘယ်သူလုပ်ပေးတာလဲ လွှတ်တော်တွင်း ရောက်နေတဲ့ နိုင်ငံရေးသမားတွေ လုပ်လို့မရဘူး။ ဒါကြောင့် တပ်မတော်သားတွေဟာလည်း နိုင်ငံရေးနဲ့ ကင်းလို့မရဘူး” ဟု ဦးဌေးဦးက မဇ္ဈိမကိုပြောသည်။ အခြေခံဥပဒေပြင်ဆင်ရာတွင်လည်း ပြည်ထောင်စုမပြိုကွဲရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာသည် ပြည်ပနိုင်ငံ များက လွှမ်းမိုးမှုမရှိသော အခြေအနေမျိုးကိုသာကြိုဆိုမည်ဟုလည်း သူကပြောသည်။ “လွှတ်တော်မှာ တပ်မတော်သားတွေ ရှိနေလို့ ဘယ်သူမှမထိခိုက်ဘူး””ဟုလည်း သူကပြောသည်။ အခြားတစ်ဖက်တွင်မူ လွှတ်တော်တွင်း၌ စစ်သားများဝင်ရောက်နေခြင်းကို ကယန်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးနန်းရီက “တပ်မတော်ဆိုတာ ပြည်ပရန်ကိုကာကွယ်ဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ပဲဖြစ်သင့်တယ်။ တပ်မတော်က တပ်မတော်နေရာမှာနေ၊ အစိုးရက အစိုးရနေရာမှာ နေရမှာပေါ့” ဟုဝေဖန်သည်။ Post by Mizzima - News in Burmese. Visit website
http://mrcopyboy.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment