စက်တင်ဘာ ၁၃ ၁၂-၉-၂၀၁၃ ရက်နေ့ ၀၂၁၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ မျိုးမင်း(၂၅)နှစ်၏ ၂၀x၄၀ ပေ၊ သွပ်မိုး/ထရံကာတစ်ထပ်နေအိမ်တွင် လက်ကိုင်ဖုန်း အားသွင်းရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွားခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၀၂၄၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ပတ်ဝန်းကျင်ရှိ ၂၀x၂၀ ပေ နှစ်ထပ်နေအိမ်(၁)လုံး၊ ၂၀x၂၅ ပေ နံကပ်နှစ်ထပ်တိုက်အပေါ်ခြမ်း၊ လိုက်ထရပ်ယာဉ် ၁ စီး၊ ပြိုင်ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး မီးလောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်းတန်ဘိုးငွေကျပ်(၂၂၆.၅)သိန်းဆုံးရှုံးခဲ့ကာ ၎င်းအိမ်သို့အလည်ရောက်ရှိ နေသည့် ကသာမြို့နယ်နေ ဒေါ်စုစုမာ(၅၃)နှစ်တွင် ၀ဲ/ယာလက်မောင်းမီးဟပ်ဒဏ်ရာများရရှိခဲ့ သောကြောင့် မျိုးမင်းအား မန္တလေးအမှတ်(၄)နယ်မြေရဲစခန်း(ပ)၂၆၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment