ိ နေပြည်တော်၊ စက်တင်ဘာ ၂၅ ၂၄-၉-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ နောင်ချိုမြို့အ၀င်၊ မိုင်တိုင်အမှတ် (၇၈/၅)တွင် မူဆယ်မှမန္တလေးသို့မောင်းနှင်လာသော ““မူဆယ်သူ””ခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်ပါခရီးသည် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာနေ တိန်ကွမ်ဆန်(၃၈)နှစ် ၀တ်ဆင်ထားသည့်ခါးပတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၅၀)ပြား၊ အလေးချိန်(၁၀၃.၅)ဂရမ်၊ တန်ဘိုးငွေကျပ်(၂၃)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် တိန်ကွမ်ဆန်အား နောင်ချိုမြို့မရဲစခန်း မယ(ပ)၅၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment