Wednesday, September 25, 2013

iPhone 5S လက်ဗွေစနစ်ဖောက်နိုင်လျှင် ဆုကြေးငွေရမည်

  TechSpace Web Blog / 6 days ago iPhone 5S လက်ဗွေလုံခြုံရေးစနစ်ကို ဖောက်နိုင်သူများကို တကယ် ဆုချ မှာပါ။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၀၀၀ ရဖို့က သေချာနေပါတယ်။ ဆုချမယ့် ဝဘ်ဆိုဒ်က http://istouchidhackedyet.com/ ဖြစ်ပါတယ်။ ဆုကြေးငွေပေးအပ်မယ့်သူတွေက ပိုပိုပြီးတော့များလာပါပြီ။ ဒီတော့ iPhone 5S နဲ့ fingerprint ID touch ကို Hack ဖို့ကြိုးစားသူများလည်း များသထပ် များလာပြီ ဖြစ်ပါတယ်။ Fingerprint touch ID sensor မှာ Radio Frequency Scanner တစ်လွှာ ပါဝင်ပါသေးတယ်။ ယင်း အလွှာက ဖိလိုက်တဲ့ လက်က သွေးခုန်နှုန်း ရှိလား မရှိဘူးလားကို အာရုံခံပေးမှာ ဖြစ် ပါတယ်။ ဒီတော့ လက်ဖြတ်ပြီး Home button မှာ သွားဖိလည်း ဖုန်းက ပွင့်မှာ မဟုတ်ပါဘူး။ Apple က အဲ့လိုမျိုး လည်း စီမံဖန်တီးထားပါတယ်။ ဟာ့ဒ်ဝဲအရရော၊ firmware/software အရရော အားနည်းချက် လုံးဝ မရှိအောင် Apple က ဖန်တီးထားကြောင်း တရားဝင် ပြောကြား ထားပြီး သားပါ။ သို့ပေမယ့် ဇူကာဘတ်ရဲ့ Facebook Timeliine ကိုတောင် ပါလက်စတိုင်းက ဟက်ကာတစ်ယောက် ဝင်ဖောက် နိုင်ခဲ့သေးတာပဲ။ Apple ထုတ် iPhone ရဲ့  နောက်ဆုံးထွက် 5S ကိုလည်း အပြစ်ကင်းတယ်လို့တော့ ပုံသေ ပြောလို့ မရပါဘူး။ Fingerprint ID ဖောက်ချင်သူများ ဆုရမရ ကတော့ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။ . အောင်ခမ်း (TSJ Team) . Visit website  


http://mrcopyboy.blogspot.com/feeds/posts/default 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment