မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံ ဟောင်းနေရာအား မြန်မာနိုင်ငံသားပိုင် ကြယ်ငါးပွင့်ဟိုတယ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် ... မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံ ဟောင်းနေရာအား မြန်မာနိုင်ငံသားပိုင် ကြယ်ငါးပွင့်ဟိုတယ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် အကုန်အကျခံကာ ၁၀ လအတွင်း အပြီးဆောက်လုပ်သွားမည်ဟု လုပ်ကိုင်ခွင့်ရသော Dosim Engineering & Construction ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်နန်းနွယ်ဖေက ပြောသည်။ “ဟိုတယ် တည်ဆောက်ဖို့အတွက် အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လက်မှတ်ရေးထိုးဖို့ စီစဉ်နေပါပြီ။ လက်မှတ်ရေးထိုးပြီးလို့ ဆယ်လအကြာမှာ အပြီးသတ် အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ဒေါ်နန်းနွယ်ဖေက ပြောသည်။ ဟိုတယ်ဆောက်လုပ်ရန် တင်ဒါရရှိသည့် ကုမ္ပဏီသုံးခုရှိခဲ့သော်လည်း အခြားကုမ္ပဏီနှစ်ခုမှာ နှုတ်ထွက်သွားသည့် အတွက် Dosim Engineering & Construc- tion ကုမ္ပဏီကသာ တစ်ဦးတည်းက တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်သည်ဟု ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမောင်မောင်လွင်ကပြောသည်။ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံအား ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဖြစ် ပြောင်းလဲရာတွင် ကိုရီးယား၊ စင်္ကာပူ၊ ထိုင်းစသော နိုင်ငံတကာပညာရှင်အဖွဲ့ ၁၆ ဖွဲ့နှင့် တည်ဆောက်သွားမည်ဖြစ်ကာ နဂိုမူလအတိုင်း မပျက်မယွင်း တည်ဆောက်မည်ဟုဆိုသည်။ အဆောက်အအုံမှာ ငါးထပ်အဆောက်အအုံဖြစ်ပြီး ဟိုတယ် အခန်းပေါင်း ၁၄၅ ခန်း ရှိမည်ဖြစ်ပြီး အဆောက်အအုံဟောင်းနေရာသည် ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းပေါ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း ဒုဥက္ကဋ္ဌဦးစန်းဦးက “တည်ဆောက်နေဆဲ ကာလအဆင့်ဆင့်မှာ အစိုးရ ဘက်ကလည်း ကြည့်ရှူစစ်ဆေးတာတွေ လုပ်ရမယ်။ ဒီလိုမှမလုပ်ဘူးဆိုရင် တစ်စုံတစ်ခု ဖြိုချဖျက်ဆီး မိတာမျိုးကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ဆောင်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု ရှိဖို့လည်း လိုတယ်။ နိုင်ငံတော်မှာ ပျက်စီးသွားတဲ့ အဆောက်အအုံတွေ တော်တော်များများရှိနေ ပြီ” ဟု မှတ်ချက်ပြုသည်။ “ကန့်ကွက်တဲ့ လူတွေ ဘာတွေရှိလာရင်လည်း ကျွန်တော်တို့ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ဥပဒေအရပဲ ဆောင်ရွက်သွားမှာပါ” ဟု ဦးမောင်မောင်လွင်က ပြောသည်။ ထိုကြယ်ငါးပွင့် အဆင့်ဟိုတယ် ဆောက်လုပ်ရန် Dosim Engineering & Construction ကုမ္ပဏီက နှစ် ၅၀ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။ Post by Mizzima - News in Burmese. Visit website
http://mrcopyboy.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment