မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့လှူဒါန်းထားသော အလှူငွေများကို မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ... မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့လှူဒါန်းထားသော အလှူငွေများကို မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ပြီး သုံးစွဲခြင်းအတွက် လွတ်လပ်သော ပြင်ပစာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုခံယူ၍ အများပြည်သူကို အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီကစက် တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ စာနယ်ဇင်းကောင်စီက စက်တင်ဘာ ၁၂ ရက်တွင် ကောင်စီရုံးခန်း၌ အစည်းအဝေးကျင်းပခဲ့ပြီး ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းသည်။ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် လက်ရှိသမ္မတရုံးမှ လှူဒါန်းထားသော သိန်း ၅၀၀ အပါအ၀င် နှောင်ကြိုးမဲ့ လက်ခံထားသော အလှူငွေ သိန်း ၆၀၀ ရှိပြီး နောက်ပိုင်းတွင် နှောင်ကြိုးမဲ့အလှူငွေများကို ဆက်လက် လက်ခံ သွားမည်ဟုလည်း စာနယ်ဇင်းကောင်စီ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။ ၎င်းက “ဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လောက်သုံးတယ်ဆိုတာ အပတ်စဉ်ဒါမှမဟုတ် လစဉ်ထုတ်ပြန် သွားပါမယ်။ နှောင်ကြိုးမဲ့ အလှူငွေက အမြဲရှိသွားမယ်” ဟု ပြောသည်။ စက်တင်ဘာ ၁၂ ရက် အစည်းအဝေး သို့ ကောင်စီဝင်၂၆ ဦး ရှိသည့်အနက် အစည်းအဝေး တက်ရောက်လာသူ ကောင်စီဝင် ၁၉ ဦးက နိုင်ငံတော်သမ္မတထံမှ နှောင်ကြိုးမဲ့ အလှူငွေကျပ် သိန်း ၅၀၀ လက်ခံရရှိခြင်းကိုလည်း သဘောတူခဲ့သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment