Thursday, September 26, 2013

ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်

် နေပြည်တော်၊ စက်တင်ဘာ ၂၅ ၂၃-၉-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သစ်တပွေ ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၃၆၀/၇)၊ ရေနံချောင်းဒီဂရီကောလိပ်ကျောင်းလမ်းဆုံ အနီးတွင် ကောလိပ်ကျောင်းဘက်မှမြို့တွင်းသို့ ရေနံချောင်းမြို့နယ်၊ မြို့မတောင်ရပ်ကွက်နေ ၀င်းလင်းထွန်း (၁၉)နှစ်မောင်းနှင်လာသောဆိုင်ကယ်နှင့် ““စံပယ်ညွန့်”” ဘော်ဒါဆောင်လမ်းကြားမှကားလမ်းဘက်သို့ တစ်မြို့တည်းနေ ဇော်ဝင်းနိုင်(၂၀)နှစ်မောင်းနှင်လာသည့်ဆိုင်ကယ်တို့ လမ်းလယ်တွင်မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။ ထိုသို့တိုက်မိသဖြင့် ၀င်းလင်းထွန်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနှင့် ဇော်ဝင်းနိုင်တွင် ၀ဲပေါင်ပေါက်ပြဲဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ ဆေးရုံသို့တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းလင်းထွန်းနှင့်ဇော်ဝင်းနိုင်တို့ ၂ ဦးအား ညောင်လှမြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment