Sunday, September 8, 2013

သြစတေးလျနိုင်ငံသား ဇနီးမောင်နှံ ခိုးမှုဖြင့် မရမ်းကုန်းရဲစခန်းတွင် တိုင်တန်းခံရ သတင်း /

  သြစတေးလျနိုင်ငံသား ဇနီးမောင်နှံကို ခိုးမှုဖြင့်စွပ်စွဲပြီး တိုင်တန်းမှုတစ်ခုကို စက်တင်ဘာ ၇ ရက်က မရမ်းကုန်း ရဲစခန်း၌ အမှုဖွင့်ထား ... သြစတေးလျနိုင်ငံသား ဇနီးမောင်နှံကို ခိုးမှုဖြင့်စွပ်စွဲပြီး တိုင်တန်းမှုတစ်ခုကို စက်တင်ဘာ ၇ ရက်က မရမ်းကုန်း ရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ယခုတိုင်ကြားသော အမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်ကတည်းက ဖြစ်ပွားခဲ့သော် အမှုဖြစ်ပြီး တရားလိုသည်စွပ်စွဲခံရသည့် ဇနီးမောင်နှံအနက်မှ အမျိုးသား၏ ညီမဖြစ်ကြောင်း ရဲမှတ်တမ်းများတွင်  ဖော်ပြထားသည်။ တရားလိုက ရဲကိုထွက်ဆိုရာတွင် ထိုစဉ်က သူ့အစ်ကိုနှင့် ခယ်မတို့သည် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ သူ့နေအိမ် သို့ရောက်လာပြီး တုတ်ဖြင့်ရိုက်၊ ရေနွေးဖြင့်ပက်ခြင်းများပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ ရသည်။ ထို့နောက် အဆိုပါ ဇနီးမောင်နှံက ကြောက်ရွံ့ပြီး သူ့ကို ဒဏ်ရာပျောက်သည်အထိ အိမ်တွင်ပင် တားဆီးပိတ်ပင် ထားခဲ့သည်ဟုလည်းရဲကို တရားလိုက ထွက်ဆိုသည်။ ထို့နောက် နိုဝင်ဘာ ၂၇ ရက်တွင် ၎င်းတို့ဇနီးမောင်နှံမရှိသည့်အချိန်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ရဲကို တိုင်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် မတိုင်တန်းဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ ၎င်းဇနီးမောင်နှံ မြန်မာနိုင်ငံမှထွက်သွားကြောင်း သိရပြီးနောက် တရားလိုက သူ့နေအိမ်ကို သွားရောက် ကြည့်ရှုရာ မြေဂရမ်၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံကူးလက်မှတ်၊ ဘဏ်စာအုပ်၊ သံသေတ္တာတစ်လုံးနှင့် အ၀တ်အစားများအား ခိုးယူသွားခဲ့သည်ဟု ဆိုထား ပြန်သည်။ ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူ နှစ်ဦးမှာ သြစတေးလျနိုင်ငံသားများဖြစ်သော်လည်း ဗမာလူမျိုးများ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ လက်ရှိတွင် အမှုမှာ ရဲစခန်း၌ စွပ်စွဲတိုင်တန်းခံရသည့် အဆင့်သာရှိသေးသဖြင့် စွပ်စွဲခံရ သူများ၏ သိက္ခာကို ငှဲ့ကွက်သည့်အနေဖြင့် အမည်များကို မဖော်ပြခြင်း ဖြစ်သည်။ ထိုအမှုကို မရမ်းကုန်းမြို့နယ် ရဲစခန်း၌ အမှုအမှတ်(ပ) ၃၈၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရ သူများကို စုံစမ်းလျှက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်းဟုတ်မှန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/ ၃၂၆/ ၃၄၃ ဖြင့် တရားစွဲရန် ရဲများက စီစဉ်ဆောင်ရွက်မည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment