Monday, September 9, 2013

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) စက်တင်ဘာ ၁၀၊ ၂၀၁၃ ၈.၉.၂ဝ၁၃ ရက်နေ

့  နာရေးကူညီမှုအသင်း(ရန်ကုန်) သုခခန်းမဆောင်ကြီး၌ “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်းအနားအား နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအား နံနက် (၆း၃ဝ) နာရီမှစတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် ရုံးချုပ်ဝန်းအတွင်းသို့ မိုးရေစက်များနှင့်အတူ တဖွဲဖွဲ ရောက်ရှိလာကြသော ရဟန်းသံဃာများ၊ သီလရှင်များ၊ အသင်းအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည် တော်များ၊ လေ့လာသူများနှင့် ပြည်တွင်း/ပ မီဒီယာများ အသီးသီးရောက်ရှိခဲ့ကြပြီး နံနက် (၇း၃ဝ) နာရီ အချိန်တွင် အခမ်းအနားကျင်းပမည့် သုခ ခန်းမဆောင်ကြီးသို့ လက်မှတ်ရေးထိုး၍ ဝင်ခွင့်လည်ဆွဲကဒ်ပြား များ ထုတ်ယူ၍ သတ်မှတ်ထားသည့် နေရာထိုင်ခုံများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ကြို-နေရာ ချထားရေး တာဝန်ခံများတို့မှ စနစ်တကျ လိုက်လံ၍ ပို့ဆောင်ပေးခဲ့သည်။ “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်း အနားအား နံနက် (၉းဝဝ) နာရီမှ (၁၁း၃ဝ) နာရီအထိ ပထမပိုင်းအစီအစဉ် အခမ်းအနားမှူးအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာစိုးမှ စီစဉ်ဆောင်ရွက်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ ပြီးနောက် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ အသင်းအဖွဲ့ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး နေပြည်တော်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြခြင်းများ ဦးစွာ အနေဖြင့် အခမ်းအနားအား စတင်ခဲ့သည်။ ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတို့မှ သဘော ထား ထုတ်ပြန်ချက်များအား ဖတ်ကြားတင်ပြခဲ့ရာ – ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) လူမှုရေးအသင်း အဖွဲ့ (၃၄) ဖွဲ့တို့၏ကိုယ်စား “ကရုဏာလက်များကွန်ယက်” ဒေါ်ဆုဝေဖြိုးမှ၎င်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး မြို့ရှိ လူမှုရေးအသင်းအဖွဲ့ (၂၁) ဖွဲ့တို့၏ကိုယ်စား “ကရုဏာဖြူစင် သွေးလှူရှင်အသင်း” ဦးလှအောင်မှ ၄င်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) “နမ့်ခုံးရှမ်းများပရဟိတအသင်း” ဦးစိုင်းဆိုင်မှိုင်းမှ၎င်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လူမှုရေးအသင်းအဖွဲ့ (၄) ဖွဲ့တို့၏ကိုယ်စား “မဇ္ဈိမလူမှုကူညီရေးအသင်း” ဒေါ်သန်းသန်းဌေး မှ၎င်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မိုင်းကိုင်-မိုင်းယွန်း အထူး ဒေသ၊ ငြိမ်းချမ်းရေးအဖွဲ့ Shan State National Army (S.S.N.A-ခွဲထွက်) ဒေါ်လွင်လွင်ရန်နောင်မှ၎င်း ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့၊ “ရွှေမေတ္တာ လူမှုစောင့်ရှောက်ရေးနှင့် နာရေးကူညီမှုအဖွဲ့” ဦးအောင်အောင်မှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ “မနောဖြူ လူမှုကူညီရေးအသင်း(ချောက်)” ဦးအောင်ထွန်းဦးမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ “သန္တိသုခ (အခမဲ့) လူမှုကူညီရေးအသင်း” ဦးဇော်သန်းမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်၊ လူမှုရေးအသင်းအဖွဲ့ (၁၈) ဖွဲ့တို့၏ ကိုယ်စား “ကရုဏာရှင်(အခမဲ့)ဆေးခန်းနှင့် နာရေး(အခမဲ့)ကူညီမှုအသင်း” ဦးသစ်လွင်မြင့်မှ၎င်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ “ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)” […]  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment