သန်းဝင်းလှိုင် စက်တင်ဘာ ၈၊ ၂၀၁၃
ဝါသနာဘာဂီ ဆက်တိုင်းမှီဟု ဆိုရိုး စကားရှိခဲ့လေသည်။ ၀ါသနာဟူသည် ပါဠိစကား၌ အထုံ၊ စွဲလန်းခြင်း ဟု အဓိပ္ပါယ်ရပြီး ၀ါသနာဘာဂီ ဆက်တိုင်းမှီဆိုသော ဆိုရိုးကို စေ့ငုစစ်ဆေးကြည့်ပါက လူတစ်ယောက်၏ အတိတ်ဘဝများမှ ၀ါသနာအထုံ သည် ဘဝအဆက်ဆက်တိုင်အောင် မှီခိုတွယ်ကပ်လာသည်ဟု ဆိုလိုပေသည်။ ၀ါသနာဟူသည် အမိဝမ်းတွင်း၌ပင် ပဋိသန္ဓေနေစဉ်ကပင် ပါရှိလာသော်လည်း ထိုပဋိသန္ဓေ ၀ါသနာသည် ထိုပုဂ္ဂိုလ် အဖို့ ထာဝစဉ်မပါရှိ နိုင်ပေ။ အချို့သောသူတို့မှာ “ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး “ ဟူသော စကားကဲ့သို့ မိဘမျိုးရိုး၏ အလုပ်အကိုင် အနေအထိုင် အမူ အကျင့်ကိုလိုက်ကာ ပဋိသန္ဓေက ပါလာ သော ၀ါသနာသည် တိမ်မြုပ်နေပြီး နီးစပ်ရာ ၀ါသနာအသစ်ပေါ်ထွန်းလာ တတ်ပေသည်။ ထို့ကြောင့် ၀ါသနာကိုခွဲခြား စိတ်ဖြာကြည့်ပါက ၀ါသနာသည် ဘဝအစဉ်အဆက်က ပါလာသော ၀မ်းတွင်းသန္ဓေပါ ၀ါသနာ၊ ပါတ်ဝန်းကျင်၊ အပေါင်းအသင်း၊နေရာ ၊ဌာန အားလျော်စွာ စွဲကပ်လာသော ၀ါသနာ၊ အပေါင်းအသင်းမဟုတ်စေကာမူ တစ်ဦးတစ်ယောက်၏ အပြုအမူ အနေအထိုင် အပြောအဆိုတို့ကို သဘော ကျပြီး မသိမသာ အတုခိုးရာမှ စွဲကပ်လာသော ၀ါသနာ၊ အခြားအကြောင်းအရာတစ်ခုခုကို အကြောင်းပြု၍ စွဲကပ်လာသော ၀ါသနာ ဟူ၍ ၀ါသနာအမျိုးမျိုးရှိလေသည်။ တစ်မိသားစုချင်း တအူတုံဆင်း အရင်းအချာများ၊ စာသင်ကျောင်းတစ်ကျောင်းတည်း၊ တစ်ဆရာ တည်းဖြစ်ကြသော ကျောင်းနေဘက် များဖြစ်ပါလျက် ၀ါသနာချင်းမတူကြသည်လည်း အများအပြားရှိလေသည်။ Aung san မည်သို့ဆိုစေကာမူ ၀ါသနာသည် ဘိန်းကဲ့သို့ပင် စွဲတတ်သဖြင့် စွဲမိလျှင်ဖြစ်ရခက်သည်။ ၀ါသနာတွင် ကောင်းသော ၀ါသနာ ဆိုးသောဝါသနာ ဟူ၍ ရှိတတ်ပေရာ ကောင်းသောဝါသနာသည် မိမိအကျိုး ၊သူတစ်ပါး အကျိုး ဖြစ်စေနိုင်၍ ၊ဆိုးသောဝါသနာသည် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို ထိခိုက်စေနိုင်သည်။ ရှေးခေတ်က ရှင်ဘုရင်အချို့သည် တောလိုက်ဝါသနာပါကြသည်။ “ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် “ ဟူသောစကားမှာ ရှေးခေတ်ဘုရင်အချို့ တောလိုက်ရာမှ ထွက်ပေါ်လာသော စကားဖြစ် သည်။ ဝိဓူရဇာတ်တော်လာ ကောရပ္ပမင်းမှာ အန်ကစား ၀ါသနာပါလွန်းသည်။ အကြီးအကျယ် လောင်းတန်း ကစားခဲ့သောကြောင့် အဖိုးတန်ပညာရှိ တစ်ပါးဆုံးရှုံးဖူးလေသည်။ မြန်မာ့ရာဇဝင်၌ ငါးစီးရှင်ကျော်စွာသည် ကာအက (ကာက) ၀ါသနာထုံ၍ ၊ ဒုတိယမင်းခေါင် သည် မြင်းစီးဝါသနာပါလေသည်။ တစ်သက်လုံး သုံးခါသာ ပြုံးဖူးသော ရမည်းသင်းစား သီလဝသည် ကြက်တိုက်ဝါသနာထုံလေသည်။ မြန်မာ့နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်မှ နောင်တော်မင်းကြီးမှာမူ ငယ်သူငယ်ချင်း ရောင်းများနှင့်အတူ မန်ကျည်းပင်တက် အလွန်ဝါသနာပါသည်ဟု ရာဇ၀င်မှတ်တမ်းများ၌ တွေ့ရလေသည်။ Prince philic လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် စစ်တုရင်ကစားရာ၌ အလွန်ကျွမ်းကျင်လိမ္မာလှသည်ဟု ရတနာပုံ သတင်းစာ ဆရာကြီး ဘိုးဝဇီရ ( မြန်မာ ၁၂၁၀ – ၁၂၉၈) က ရေးသားခဲ့ဖူးသည်။ သူ၏ ဗျူဟာစက္ကိပျို့၌ စစ်တုရင်နှင့် ပတ်သက်သော […]
http://mrcopyboy.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment