စင်ကာပူနိုင်ငံတွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှအဆိုတော်များအပြင် ကြယ်ကလေးတို့ရဲ့ ဂီတ မိုးကောင်းကင် ... စင်ကာပူနိုင်ငံတွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှအဆိုတော်များအပြင် ကြယ်ကလေးတို့ရဲ့ ဂီတ မိုးကောင်းကင် ကလေးငယ်များအဆိုပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ၀ိုင်းလမင်းအောင်နှင့် မေသက်ထားဆွေတို့လည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း အဆိုတော်ကေကေတီကမဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းသို့ ဆုရရှိသူ ကလေးငယ်များ၏ ယခုကဲ့သို့ပြည်ပတွင် ပါဝင်ဖျော်ဖြေမှုမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ SCCCL AUDITORIUM ရှိ တရုတ်ကုန်သည်ကြီးများ အသင်းနေရာတွင် ၎င်းပွဲကိုကျင်းပမည်ဖြစ်ပြီး ရရှိသည့်ငွေများအား မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေး များကိုပြန်လည်လှူဒါန်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ “အခုဖျော်ဖြေပွဲက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီပွဲမှာ ကလေးအဆိုတော်တွေလည်း ပါတယ်။ နောက်ပြီး ဒီပွဲကပရဟိတပွဲဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံးကသွားပြီးကူညီပေးကြတာပါ။ ငွေရေးကြေးရေး အဓိက မဟုတ် ကြပါဘူး၊ ဒီပွဲကိုစီစဉ်တာ စင်ကာပူနိုင်ငံမှာရှိတဲ့ သင်္ဘောသားတွေ စီစဉ်တဲ့ပွဲပါ။ ဒီကနေပြီး သီချင်းတွေနဲ့ ပတ်သက်ပြီး စီစဉ်သွားရမှာပါ။ ဟိုမှာရှိတဲ့တီးဝိုင်းနဲ့ပဲ သီဆိုကြရမှာပါ”ဟု ကေကေတီက ဆိုသည်။ ၎င်းပွဲကိုSSS (Seafarer Society Singapore Group) မှစီစဉ်ခြင်းဖြစ်ကာ စင်ကာပူနိုင်ငံရှိ Moon Tasters Band နှင့် Independent Music Group တို့ ပူးပေါင်းတီးခတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ခိုင်ထူး၊ ဂျေမောင်မောင်၊ စံလင်း၊ ကေကေတီတို့အပြင် ဆုရကလေးအဆိုတော် ၀ိုင်းလမင်းအောင်နှင့် ခင်သက်ထားဆွေတို့က ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် သွားရောက်ဖျော်ဖြေကြမည့် အနုပညာရှင်များသည် ခိုင်ထူး၊ ဂျေမောင်မောင်၊ စံလင်း၊ ကေကေတီနှင့် ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင်တွင် ဆုများရရှိခဲ့သည့် ၀ိုင်းလမင်းအောင်၊ မေသက်ထားဆွေ တို့လည်း သွားရောက်ဖျော်ဖြေကြရမည် ဖြစ်သည်။ အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ပြီး အောက်တို ၁၂ ရက်တွင် ညနေ ၄ နာရီမှ ၁၀ နာရီ အထိဖျော်ဖြေကြရမည်ဖြစ်သည်။
Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment