Monday, September 9, 2013

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု၊ ကြံတောကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက The Voice သို့ ပြောကြားသည်။

  အသက် ၂၁ နှစ်ရှိ ယာဉ်မောင်း ကိုဝဏ္ဏထွန်းနှင့် အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက် မောင်နေလင်းဦးတို့ လိုက်ပါလာသော ကြက်သွန်တင် ဆယ်ဘီး ကုန်တင်ယာဉ်နှင့် အသက် ၄၁ နှစ်ရှိ ယာဉ်မောင်း ဦးမင်းဇော်ဦး မောင်းနှင်ကာ ကိုအေးမင်းစိုး လိုက်ပါလာသော ဆန်တင် ကန်တာ ခြောက်ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။ ---

 http://mrcopyboy.blogspot.com/?m=1 

 သတင်းအပြည့်စုံ 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment