့ ၁၂၀၀ အချိန် လားရှိုးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရက်ကွက်(၅)၊ နယ်မြေ(၂)နေ အေးအွမ် (၂၅)နှစ်နှင့် တန့်ယန်းမြို့နယ်၊ ၀ိန်းလောင်းရွာနေ မခမ်းလှ(၁၄)နှစ်တို့ နှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ မခမ်းလှ၏ကိုယ်ပေါ်မှ ဘိန်းဖြူ ၈ ဂရမ်အား သိမ်းဆည်း ရမိခဲ့ပြီး အေးအွမ်၏နေအိမ်အားဆက်လက်ရှာဖွေရာ နေအိမ်အတွင်း တစ်ရပ်ကွက်တည်းနေ အေးနွမ်း(၂၆)နှစ်အား တွေ့ရှိရပြီး နေအိမ်ခြံဝင်းဒေါင့်ရှိ မီးသွေးအိတ်အတွင်းမှ ဘိန်းဖြူ (၃၇၂.၄) ဂရမ်၊ စုစုပေါင်းဘိန်းဖြူ(၃၈၀.၄)ဂရမ် သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်မှာ တစ်ရပ်ကွက်တည်းနေ မအေးကျန်(၄၂)နှစ်ဖြစ်ကြောင်းသိရှိရသဖြင့် မအေးကျန်၏နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းဘီရိုအတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေ(၄၀၀၀၀၀ိ/-) ထပ်မံသိမ်းဆည်းရမိသဖြင့် မအေးအွမ်ပါ(၄)ဦးအား လားရှိုးမြို့မရဲစခန်း မယ(ပ) ၁၄၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment