Saturday, September 7, 2013

ပန်းသီးဂိမ်းသရဖူလောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ စက်တင်ဘာ ၆

  ၄-၉-၂၀၁၃ ရက်နေ့ ၁၃၂၀ အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြ၀တီမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မြ၀တီခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနခွဲမှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဇော်ဝင်းရှိန်(၂၇)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ဇော်ဝင်းရှိန်အား နေအိမ်တွင်အသင့်တွေ့ရှိရပြီး နေအိမ်အတွင်း ပန်းသီးဂိမ်းသရဖူလောင်းကစားပြုလုပ်နေသည့် ဘားအံမြို့နေ အောင်နိုင်စိုး(၃၂)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေပြည်ရပ်ကွက်နေ မောင်လွင်(၃၇)နှစ်၊ မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ရှီးရှိန်(၁၉)နှစ်၊ တောင်ကြီးမြို့နယ်၊ ဘန်းယင်ရွာနေ အောင်ရွှေ(၂၃)နှစ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်နေ ကျော်ကျော်(၂၀)နှစ်နှင့် တပ်ကုန်းမြို့နယ်၊ ကျောင်းရွာနေ ဟိန်းလတ် (၂၁)နှစ်တို့အား လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် အပြာရောင်ငါးမန်းဖမ်းဂိမ်းစက် ၂ လုံး၊ အ၀ါရောင်ငါးမန်းဖမ်းဂိမ်းစက် ၁ လုံး၊ Happy Paradise စာတမ်းပါ အပြာရောင် ပန်းသီးဂိမ်းသရဖူစက် ၆ လုံး၊ Jin Bao Shun စာတမ်းပါ အနီရောင် ပန်းသီးဂိမ်းသရဖူစက် ၄ လုံး၊ ပန်းရောင် ပလပ်စတစ် ကုလားထိုင် ၃ လုံး၊ သစ်သားကုလားထိုင် ၄ လုံး၊ ZEP-MODEL, ZEP-R45 KAMC စာတမ်းပါ 5 KVA မီးအားမြှင့်စက် ၁ လုံး၊ TS စာတမ်းပါ ဂိမ်းစက်ဖွင့်သော့ ၁ ချောင်း၊ ၆၆၀ ၁ စာတမ်းပါ ဂိမ်းစက်ဖွင့်သော့ ၁ ချောင်း၊ လောင်းကြေးငွေကျပ်(၁၆၇၅၀၀ိ/-)တို့နှင့်အတူ တွေ့ရှိရသဖြင့် ဇော်ဝင်းရှိန်ပါ(၇)ဦးအား မြ၀တီမြို့မရဲစခန်း(ပ)၁၆၄/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။ http://myanmarpoliceforce.org/index.php?option=com_content&view=article&id=587%3A2013-09-06-05-24-00&catid=104%3A2012-09-01-11-21-55&Itemid=764  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment