်၊ စက်တင်ဘာ ၆ ၅-၉-၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန် တမူးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တမူး-ကလေးကားလမ်းပေါ်တွင် တမူးမြို့၊ စန္ဒကူး(၁) ရပ်ကွက်နေ ကျော်ဇေယျ(၃၃)နှစ်မောင်းနှင်ပြီး ကလေးဝမြို့နယ်၊ ဝေပုံကျေးရွာနေ မောင်မြင့်(၃၃)နှစ် လိုက်ပါလာသည့်ဆိုင်ကယ်နှင့် ကလေးဝမြို့နယ်၊ ဝေပုံကျေးရွာနေ ၀င်းဦး(၄၁)နှစ်တို့ မောင်းနှင်လာသည့် ဆိုင်ကယ်များအား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မောင်မြင့်လွယ်ထားသောအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၂၀)ပြား၊ ဘိန်းဖြူ(၄.၅)ဂရမ်နှင့် ဘိန်းစိမ်း(၇၅၀.၃၃)ဂရမ်၊ စုစုပေါင်းတန်ဘိုး ငွေကျပ်(၃၃.၀၀၉၉)သိန်းတို့အား သိမ်းဆည်းရမိသဖြင့် ကျော်ဇေယျပါ(၃)ဦးအား ခမ်းပါတ်နယ်မြေ ရဲစခန်း မယ(ပ)၃၅/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment