Wednesday, September 4, 2013

>တရုတ်နိုင်ငံက ပြောင်းဝယ်လိုအား မြင့်တက်လာသည့်အတွက် ဈေးကွက်အတွင်း ပြောင်းဈေးနှုန်း မြင့်နေ

 Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia " Created on Wednesday, 04 September 2013 19:09 တရုတ်နိုင်ငံက ရာသီဥတု အခြေအနေကြောင့် စိုက်ပျိုးရေးထွက်ကုန် လျော့ကျမှုအပေါ် အခြေခံကာ တိရစ္ဆာန် အစာကျွေးရန် လိုအပ်ချက်တစ်ခု ဖြစ်လာသောပြောင်းကို ပြည်တွင်းဈေးကွက်အတွင်း ဈေးကောင်းပေး၍ ကိုယ်စားလှယ်များဖြင့် ကြိုတင်ဝယ်ယူမှုများ ရှိနေသဖြင့် လက်ရှိတွင် ပြောင်းဈေးနှုန်းများ မြင့်မားလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန် အစားအစာ ထုတ်လုပ်ရောင်းချသူများ အသင်း၏ အတွင်းရေးမှူး ဒေါက်တာသက်မှူးက ပြောသည်။ "ပြောင်းဆန်က တစ်ပိဿာကို ၅၁၈ ကျပ် ဖြစ်နေတာ အခုထိ မကျဘူး။ အောက်တိုဘာ၊ နိုဝင်ဘာ ရှမ်းပြောင်းထွက်တယ်။ ဒီဇင်ဘာမှာ လှိုင်လှိုင်ထွက်မယ်။ ဈေးကျမယ့်ပုံ မရှိဘူး။ တရုတ်က ကြိုပွိုင့်တွေနဲ့ဝယ်ပြီး တရုတ်ကလွှတ်တဲ့ ကိုယ်စားလှယ်တွေက တစ်ပိဿာ ကြိုပွိုင့်နောက်ဆုံးဈေး ၃၀၀ နဲ့ ဖြတ်တယ်။ ဒါဟိုတုန်းက အမြင့်ဆုံးဈေးရခဲ့တာ အရင်က တစ်ပိဿာကို ၁၅၀၊ ၂၀၀ ဖြတ်တာက ရတဲ့ဈေးက ၅၀၀ ရတယ်။ အခု ကြိုပွိုင့်ကို ၃၀၀ ဖြတ်ရင်လာမယ့် ၂၀၁၃-၂၀၁၄ မှာ ပြောင်းက ၆၀၀ ဖြစ်လာမယ်" ပာု ဒေါက်တာသက်မှူးက ပြောသည်။ လက်ရှိတွင် တရုတ်ကိုယ်စားလှယ်များ အနေဖြင့် ပြောင်းစိုက်ပျိုးထားသော တောင်သူများဆီမှ ပြောင်းမပေါ်မီ ကြိုပွိုင့်စနစ်ဖြင့် ဈေးကောင်းပေးကာ ကြိုတင်ဝယ်ယူနေကြောင်း သိရသည်။ ပြောင်းစိုက်တောင်သူများ အနေဖြင့် ပြောင်းကို ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးသော်လည်း တရုတ်မှ ပြောင်းဈေးကောင်းပေး၍ ကိုယ်စားလှယ်များဖြင့် ၀ယ်ယူနေသဖြင့် ပြည်တွင်း၌ ပြောင်းရှားကာ ပြောင်းဈေးနှုန်း မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ဆီက မွေးမြူရေး လုပ်ငန်းတွေအတွက် ကျွေးရမယ့် အစားက တစ်ဖက်နိုင်ငံက ကြိုပွိုင့်စနစ်နဲ့ ၀ယ်သွားလို့ လာမယ့်နှစ်တွေမှာလည်း နိုင်ငံရဲ့သား၊ ငါးရှားပြီး ဈေးတွေက ကြီးမြင့်နေဦးမှာပဲ။ ကိုယ့်ဆီကလူတွေက သူတို့တွေနဲ့အပြိုင် ဈေးပေးဖို့က မတတ်နိုင်ဘူး" ပာု တွံတေးမြို့နယ် ငါးလုပ်ငန်း ဥက္ကဋ္ဌ ဦးဝင်းကျော်က ပြောသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment