Wednesday, September 4, 2013

MoneyGram ငွေလွှဲလုပ်ငန်းနှင့် မြန်မာဘဏ်သုံးဘဏ် ချိတ်ဆက်ပြီးဖြစ်

 Created on Wednesday, 04 September 2013 18:03 နိုင်ငံတကာ ငွေလွှဲလုပ်ငန်း တစ်ခုဖြစ်သော MoneyGram ငွေလွှဲလုပ်ငန်းနှင့် မြန်မာဘဏ် သုံးဘဏ်တို့ ချိတ်ဆက်ပြီး ပြည်ပရောက် မြန်မာလုပ်သားများအတွက် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ MoneyGram နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့သည် သြဂုတ် ၂၇ ရက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့နှင့် သြဂုတ် ၂၈ ရက်တွင် လည်းကောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ အဆိုပါ MoneyGram မှနှင့် ချိတ်ဆက်၍ ငွေလွှဲရာတွင် ငွေလွှဲသည့်နိုင်ငံဘက်မှ ၀န်ဆောင်ခ ကောက်ခံသွားမည်ဖြစ်ပြီး MoneyGram ၏ နိုင်ငံတကာကွန်ရက်ကို အသုံးပြု၍ နိုင်ငံပေါင်း ၈၀ နီးပါးမှ မြန်မာနိုင်ငံသို့ ငွေလွှဲအ၀င် ပေးပို့နိုင်မည် ဖြစ်သည်။ MoneyGram သည် ၁၉၄၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် MoneyGram သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး နိုင်ငံတကာ ငွေလွှဲလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်နေသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုယ်စားလှယ် လုပ်ငန်းပေါင်း ၃၂၁၀၀၀ ကျော်ဖြင့် နိုင်ငံတကာတွင် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် MoneyGram အပြင် အခြားကမ္ဘာ့အဆင့် ငွေလွှဲလုပ်ငန်းကြီးများဖြစ်သော Western Union နှင့် Xpress Money တို့ကလည်း မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment