Wednesday, September 4, 2013

>မြန်မာနိုင်ငံတွင် Mobile Banking စနစ် စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်မည

 Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia "် Created on Thursday, 05 September 2013 01:43 မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၌ စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။ အဆိုပါ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အဆင့်ဆင့် ဆောင်ရွက်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးရာ ကော်မတီသို့ တင်ပြထားပြီး စီးပွားရေးရာ ကော်မတီမှတစ်ဆင့် နောက်ဆုံးအဆင့် အနေဖြင့် Cabinet အဖွဲ့သို့ တင်ပြထားကာ အဆိုပါအဖွဲ့မှ ခွင့်ပြုချက် ရသည့်အခါ ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ "ဆရာတို့အနေနဲ့ ဒီစနစ်ကို လုပ်ကိုင်နိုင်ဖို့အတွက် အဆင့်ဆင့် တင်ပြထားပြီးပါပြီ။ နောက်ဆုံးအဆင့် အနေနဲ့ Cabinet အဖွဲ့ကို တင်ပြထားပါတယ်။ ဒီစက်တင်ဘာလ အတွင်းမှာပဲ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် နေပါတယ်" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် စနစ်အား လုပ်ကိုင်နိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားပြီး တင်ပြထားသည့် ဘဏ်များမှာ ပထမပုဂ္ဂလိကဘဏ် လီမီတက်၊ သမ၀ါယမဘဏ် လီမိတက်၊ အင်းဝဘဏ် လီမီတက်နှင့် မြ၀တီဘဏ်တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် Mobile Banking လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် မိုဘိုင်းဘဏ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ဒုတိယမူကြမ်းကို ဘဏ်များသို့ (၂၄.၁၂.၂၀၁၂) တွင် ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် အသင့်ဖြစ်နေသည့်ဘဏ်မှာ အနည်းငယ်သာရှိပြီး ယင်းဘဏ်များကိုလည်း မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။ ထို့ပြင် Mobile Banking လုပ်ကိုင်ဆောင်ရွက်ပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Network ကို သုံးစွဲသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ချိတ်ဆက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းများအပြင် Software နှင့် Hardware တို့ကို ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် Partner များအား Agent သင်တန်းများ လေ့ကျင့်ပေးလျက် ရှိသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment