ရခိုင်ပြည်နယ်တွင် အာဏာပိုင်ခွင့်မပြုဘဲ ဆန္ဒပြခဲ့သဖြင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများအနက်မှ လေးဦးကို စက်တင်ဘာ ၅ ရက် ... ရခိုင်ပြည်နယ်တွင် အာဏာပိုင်ခွင့်မပြုဘဲ ဆန္ဒပြခဲ့သဖြင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများအနက်မှ လေးဦးကို စက်တင်ဘာ ၅ ရက်တွင် သက်ဆိုင်ရာ တရားရုံးများက ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ရခိုင်လူမှုကွန်ရက်မှ စုံစမ်းရရှိသည်။ တရားရုံးက ယခုထောင်ဒဏ်အပြစ်ပေးလိုက်သူများမှာ ကျောက်တော်မြို့တွင် ဘင်္ဂါလီဒုက္ခသည်များကို အိမ်ဆောက် ပေးသည့်အတွက် ဆန္ဒပြသူလေးဦးဖြစ်ပြီး ၎င်းတို့သည် ထောင်ဒဏ်သုံးလ အပြစ်ပေးခံရ ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက်ခေါင်းဆောင် ဒေါ်ညိုအေးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့်ဆိုလျှင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများမှာ ယခု ထောင်ဒဏ် အပြစ်ပေးခံရသူ လေးဦးအပါအ၀င် စုစုပေါင်း ၂၇ ဦးရှိရာ ၎င်းတို့ကိုလည်း ရက်သတ္တနှစ်ပတ်အတွင်း စီရင်ချက် ချလိမ့်မည်ဟု သိရှိထားကြောင်း ရခိုင်လူမှုကွန်ရက်များနှင့် တရားပြိုင်တို့၏ရှေ့နေများကပြော သည်။ ၎င်းတို့မှာနိုင်ငံသားမစိစစ်ဘဲ ဘင်္ဂါလီများကို အိမ်များဆောက်ပေးသဖြင့် ဆန္ဒပြခြင်း၊ သိမ်းဆည်းထား သည့်မြေများ ကို ပြန်မပေးသေးသဖြင့် ဆန္ဒပြခြင်း၊ ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဒေသခံများ နစ်နာနေသည်ကို ဖြည့်ဆည်းပေးရန် ဆန္ဒပြခြင်းတို့ကို ပြုလုပ်ခဲ့ကြသူများဖြစ်သည်။ ထိုသူများမှာ စစ်တွေမြို့မှ နှစ်ဦး၊ကျောက်တော်မြို့မှ လေးဦး၊ ရသေ့တောင်မြို့မှ နှစ်ဦး၊ တောင်ကုတ်မြို့မှ သုံးဦး၊ တောင်ကုတ်မြို့မှ သုံးဦး၊ ကျောက်ဖြူနှင့် မဒေးကျွန်းမှ ၁၀ ဦးတို့ဖြစ်ကြသည်။ ကျောက်ဖြူမြို့မှ ဆန္ဒပြသူများ၏ရှေ့နေ ဦးထိန်လင်းက “အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ လွတ်လပ်စွာပြောဆို၊ စုဝေး၊ စီတန်းလှည့်လည်နိုင်တယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင် ရာ ဥပဒေ ပုဒ်မ ၁၈ မှာ ကျတော့ ခွင့်ပြုချက်မပါဘဲဆန္ဒပြရင် ဖမ်းဆီး၊ တရားစွဲဆို၊ အရေးယူမယ်လို့ဆို ထားပြန်တယ်။ ဒီတော့ ပုဒ်မ ၁၈ ပြဋ္ဌာန်း ချက်ဟာ ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကိုက်ညီမှုမရှိဘဲဖြစ်နေတယ်”ဟု ဝေဖန်သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment