Tuesday, September 3, 2013

အသက်မွေးဝမ်းကျောင်း ပညာတစ်ခု ပြန်လည်မွေးဖွားမယ် TechSpace Web Blog / 1 days ago

  အောင်ခမ်း (TSJ team) ဟိုလိုလို၊ ဒီလိုလို၊ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေသူများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ပြောင်းလဲတော့မယ်ဆိုရင် ဘယ်လို ကြိုးစားဖန်တီးရမယ်ဆိုတာက Mashable မှာ ရေးသား ဖော်ပြ ပေး ထားပါတယ်။ အားလုံး သိရှိ နားလည်အောင် ဆီလျော်သလို ပြန်ရေး ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။ ဘာလုပ်ချင်လဲ ဆုံးဖြတ်ပါ ဒါအရေးကြီးတယ်။ ဒီအဆင့်မှာ အားလုံး တစ်ကုန်ကြတာပါ။ ကိုယ့်ကိုယ်ကို ဘာလုပ်ချင်လို့ ဘာလုပ်ချင်မှန်း မသိတဲ့သူတွေ မြန်မာပြည်မှာ အများကြီးမှ အများကြီးပါပဲ။ အဲဒါ ကာယကံရှင်ရဲ့  အပြစ်လည်း မဟုတ်ပါဘူး။ Survive ဖြစ်ဖို့ ရုန်းကန်ရင်း စားဝတ်နေရေးအတွက် အဆင်ပြေအောင် ရုန်းကန်ရင် Career Lost, Passion Lost တွေဖြစ်ကုန်တာ သဘာဝပါ။ ဒီတော့ ဘာလုပ်ချင်တယ်ဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။ အချိန်ယူပါ။ စာဖတ်ပါ။ အချိန်ကာလတစ်ခု တည်ဆောက်ပါ Timeframe တစ်ခုသတ်မှတ်ဖို့လိုပါတယ်။ ကိုယ်က ဆုံးဖြတ်ချက် ချပြီးပြီ သို့ပေမယ့် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို Timeframe တစ်ခုသာ သတ်မှတ်မထားရင် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ တစ်ရက် မှစသည် တစ်နှစ်မှ တစ်သက် အထိ ဘယ်နေ့၊ဘယ်လ၊ ဘယ်နှစ် မှာ ဘာတွေဖြစ်ရမယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ အနီးစပ်ဆုံးကို Detail ချပြီး အဝေးဆုံးဆို General Plan လောက်နဲ့ပြုလုပ် ထားလည်း အဆင်ပြေပါတယ်။ ဒါက အမြဲပြောင်းလဲနိုင်စွမ်းလည်း ရှိရပါမယ်။ လမ်းညွန်သူ ရှိပါစေ ဂိုက်လိုင်းပေးမယ့်သူလည်း လိုအပ်ပါတယ်။ ကိုယ်က ဒီ ပညာရပ်၊ ဒီအသက်မွေးဝမ်းကျောင်းနဲ့ သွားဖို့ ဆုံးဖြတ်ပြီဆိုရင် အဲဒါနဲ့ ပက်သက်ပြီး ဂိုက်လိုင်းပေးမယ့် လူတစ်ယောက်လောက်ကတော့ အနည်းဆုံး လိုအပ် ပါတယ်။ ရှင်းရှင်းပြောရင် ဆရာပေါ့။ ကိုယ့်ထက် စီနီယာ ကျသူပဲ ဖြစ်ဖြစ်၊ အုပ်ထိန်းသူပဲ ဖြစ်ဖြစ်၊ ဆရာပဲ ဖြစ်ဖြစ် ချည်းကပ်ပြီး ညွန်ကြားပြသမှုကို လက်ခံရပါမယ်။ အရည်အချင်းမြင့်တက်ပါ Building New Skill ပေါ့။ အဲဒီရွေးလိုက်တဲ့ Profession အတွက် ကိုယ်က skill မြင့်ရတော့မယ်။ Decide လုပ်ပြီးပြီ၊ Timeframe ဆောက်ပြီးပြီ၊ Guide လည်းရှိပြီဆိုရင် နောက်ဆုံးလုပ်ရမယ့် အလုပ်က ကိုယ်ကိုယ်တိုင် ကြိုးစားခြင်းပါ။ Skill သစ်ဖန်တီးတည်ဆောက်ခြင်းပါ။ ဒီမှာ အစွမ်းကုန်ကြိုးစားဖို့လိုပါတယ်။ စိတ်ရှည် သည်းခံပါ အင်္ဂလိပ်လိုတော့ Be flexible လို့ဆိုထားပါတယ်။ ဘယ် အသက်မွေးဝမ်းကျောင်း ပညာရပ် အသစ်ဘက်ကို ကူးကူး အခက်အခဲဆိုတာကတော့ ရှိတာပဲ။ လစာလည်း အရင်ထက် နည်းရင်နည်းမယ်။ ပိုလည်း ပင်ပန်းရင် ပင်ပန်းမယ်။ ဒါတွေကို တစ်ချက်ချင်းစီ လိုက်ကြည့်ပြီး ငါမလုပ်နိုင်တော့ပါဘူးလေလို့ လက်လျော့လိုက်ရင် ထပ်ပြီးတော့ career lost ဖြစ်အုံးမှာပါ။ ပျော်အောင်နေပါ။ ဘဝကို အကောင်းမြင်ပေးပါ။ နားလည်မှုရှိပါ။ ရောင့်ရဲပါ။ စိတ်ရှည်ပါ။ သည်းခံပါ။ ဒါတွေ အားလုံး လူတိုင်းသိပါတယ်။ အားလုံး အသက်မွေးဝမ်းကျောင်း ပညာသစ်တစ်ခုမှာ အောင်မြင်စေဖို့ ရည်ရွယ် ရေးသား လိုက်ရပါတယ်။ . Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment