Sunday, September 8, 2013

လိုင်စင်မဲ့တရုတ်နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင် ======================== မနီလာ၊ စက်တင်ဘာ(၈) ၊ Ref- AFP

  ======================== တရုတ် နိုင်ငံလုပ်လိုင်စင်မပါဘဲ ဝင်ရောက် လာသောနှုတ်ခမ်းနီများနှင့် တရား ဝင်တင်သွင်းသော နာမည်ကြီး တံဆိပ်အတု နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင်မှုမြင့်မားနေ၍ အ သုံးပြုသူများ သတိထားကြရန် တနင်္ဂနွေနေ့က သတိပေးထုတ် ပြန်ခဲ့သည်။ အစားအစာနှင့်ဆေးဝါးအုပ် ချုပ်ရေးဌာန(FDA)က အကြံပြု စာတစ်ရပ် ထုတ်ပြန်ခဲ့သည်မှာ မြို့များ၏လမ်းဘေးများ၌ ကျယ် ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိ သောပစ္စည်းများမှာ FDA ခွင့် ပြုချက်မပါရှိဟု ဖော်ပြခဲ့သည်။ အဆိုပါပစ္စည်းများတွင် လေးလံသောသတ္တုများ ပါဝင်နေ ပြီး အထူးသဖြင့်ခဲများပါဝင်နေ ကြောင်း အဆိုပါကြေညာချက် ကဖော်ပြခဲ့သည်။ ဤနှုတ်ခမ်းနီဆိုးဆေးများ မှာ ဌာနသို့ တရားဝင်ကြေညာ မထားသော တရုတ်မှလာသော ပစ္စည်းများဖြစ်ပြီး အစစ်ကိုတုပ ထားသောပစ္စည်းများဖြစ်ကာ လမ်း ဘေးဈေးသည်များက ရောင်းချ နေကြကြောင်း အဆိုပါအကြံပေး ကြေညာစာက ဖော်ပြခဲ့သည်။ အဆိုပါနှုတ်ခမ်းနီဆိုးဆေး တံဆိပ်များမှာ Baolishi, Miss Beauty, Shijing, Ling Mei နှင့် Heng Fang တံဆိပ်များဖြစ်ကြ သည်ဟုဆိုသည်။ လူကြီးများတွင် ခဲအဆိပ် သင့်ခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်ပြီး အဆစ်အမျက်ကိုက် ခြင်း၊ သတိမေ့တတ်ခြင်းနှင့် အာရုံ စုစည်းမှုအားနည်းခြင်း ပြဿနာ များဖြစ်နိုင်ကြောင်း FDA က ဖော်ပြခဲ့သည်။ ကလေးများမှာမူ အာရုံ ကြောရောဂါဖြစ်ပွားနိုင်ခြေ ရှိ တတ်ကြောင်း၊ ၎င်းတို့၏ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။ င်္FDA ပြောကြားရာတွင် အဆိုပါပစ္စည်းများအား သိမ်းဆည်း ရန် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့ အစည်းများကို အကြောင်းကြား ထားပြီဟု ဆိုသည်။ သို့ရာတွင် ဤနှုတ်ခမ်းနီဆိုးဆေးများ နိုင်ငံ တွင်းသို့ မည်သို့ဝင်ရောက်လာခဲ့ သည်ကိုမူ FDA ကမဖော်ပြဟု ဆိုသည်။

အေးချမ်းမွန် Credit To > Yangon Media Group < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment