Tuesday, September 10, 2013

">ဒီလှိုင်းစာစောင် ကြွေးကျန်ကျပ် သိန်း ၁၈၀၀ ကျော်ကို လျှော်ပစ်ခြင်း မရှိသေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ပြောကြား

  Eleven Media Group < Thanks Re-posted By ACM 11-9-2013 https://www.facebook.com/excellencemedia Created on Tuesday, 10 September 2013 20:16 ဒီလှိုင်းစာစောင်ကြွေးကျန် ကျပ်သိန်း ၁၈၀၀ ကျော်ကိစ္စကို လျှော်ပစ်ခြင်း မရှိသေးဘဲ စိစစ်ဆဲသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။ အင်တာနက် လူမှုစာမျက်နှာများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ယင်းကြွေးကျန်များကို လျှော်ပစ်မည်ဟု ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဦးဥာဏ်ဝင်းက The Daily Eleven ၏ မေးမြန်းမှုအပေါ် ယင်းသို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ "ကျွန်တော်လည်း တွေ့ပါတယ်။ အဲဒီသတင်းက သတင်းအမှားကြီးဗျ။ ဒီလှိုင်းက စာရင်းတွေကို စိစစ်တုန်းပဲ။ ဘာမှမလုပ်ရသေးဘူး။ အဲဒီ အခြေအနေတွေမှာ ဒေါ်စုလည်း ဘာမှမပြောပါဘူး" ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။ ကျွန်တော်လည်း တွေ့ပါတယ်။ အဲဒီသတင်းက သတင်းအမှားကြီးဗျ။ ဒီလှိုင်းက စာရင်းတွေကို စိစစ်တုန်းပဲ။ ဘာမှမလုပ်ရသေးဘူး။ အဲဒီ အခြေအနေတွေမှာ ဒေါ်စုလည်း ဘာမှမပြောပါဘူး . . . . . ယင်းကဲ့သို့ ငွေကြေးကွာဟမှုမှာ မည်ကဲ့သို့ ဖြစ်ပွားသည်နှင့် ပတ်သက်၍ အယ်ဒီတာအဖွဲ့ဝင် မုံရွာအောင်ရှင်က "ကျွန်တော်ကတော့ သတင်းပိုင်းနဲ့ပဲ ဆိုင်တဲ့အတွက် ဒီငွေကြေးကိစ္စနဲ့ ပတ်သက်လို့တော့ ဟုတ်တယ်မဟုတ်ဘူးဆိုတာ အတည်ပြု မပြောချင်ပါဘူး။ အခုကိစ္စကို စာရင်းကိုင်နဲ့ အုပ်ချုပ်ရေးမှူးတို့ စိစစ်နေပါတယ်။ ဟုတ်တယ်ဆိုရင် စီအီးစီကို တင်ပြသွားကြမှာလို့ပဲ နားလည်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ လောလောဆယ်မှာ ဘာမှမပြောနိုင်ပါဘူး" ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။ ဒီလှိုင်းစာစောင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက သတင်းများကို အတည်မပြုကြောင်း၊ ယခုငွေကြေးကိစ္စသည် အဆင်ပြေသွားမည့် ကိစ္စဖြစ်ကြောင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ချမှတ်သည့် လုပ်ငန်းစဉ် မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဒီလှိုင်းဂျာနယ်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန် Credit To > Eleven Media Group < Thanks Re-posted By ACM 11-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment