Friday, September 6, 2013

ဒုတိယအကြိမ်ကျင်းပမည့် MTV Exit ဖျော်ဖြေပွဲကို မြို့သုံးမြို့တွင် ကျင်းပမည် သတင်း / 3 hours ago

 MTV Exit Road Show 2013 ဖျော်ဖြေပွဲကို မြို့သုံးမြို့၌ အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်များ ... MTV Exit Road Show 2013 ဖျော်ဖြေပွဲကို မြို့သုံးမြို့၌ အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်များလည်း ပါဝင်မည်ဖြစ်သည်။ ယင်းပွဲအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဖျော်ဖြေရေး အနေဖြင့် ကျင်းပသည့်ဖျော်ဖြေပွဲဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် ကျင်းပသည့်ပွဲလည်း ဖြစ်သည်။ ယင်းသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းအား ဖျော်ဖြေပွဲအနေဖြင့် တင်ဆက်ရခြင်းကို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ဒု-ရဲမှူးဦးမင်းနိုင်က “ကျွန်တော်တို့ အခုလိုဖျော်ဖြေရေးလုပ် တာက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုမိုသိရှိနားလည် စေဖို့အတွက်ပါ။ တစ်မြို့ပြီးတစ်မြို့ အခုလို ဖျော်ဖြေတာဟာ အနုပညာရှင်တွေကို ပြည်သူတွေက စိတ်ဝင်စားတာကြောင့်သူတို့ အကူအညီတွေနဲ့ အတူ အခုလိုပွဲတွေလုပ်ပြီး အသိပညာပေးခြင်းပါ။ အခုအချိန်ထိတော့ R ဇာနည်၊ ဖြိုးကြီး၊ ဖြူဖြူကျော် သိန်းတို့နဲ့ အခြားနာမည်ကြီးတွေတော့ ဖိတ်ခေါ်ထားပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုအချိန်မှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဖျော်ဖြေမှုမှာ အဆိုတော်တွေ အနေနဲ့ မဖျော်ဖြေခင် ပညာပေးအစီအစဉ်တွေ၊ ဟောပြောမှုတွေ လုပ်မှာပါ။ သီချင်းကို ကန့်သတ်မှုမရှိပါဘူး”ဟု ဆိုသည်။ ယင်းဖျော်ဖြေပွဲကိုအောက်တိုဘာ ၁၈ ရက်တွင်မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ခန်းမတွင် လည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လည်းကောင်း၊ အောက်တိုဘာ ၂၅ ရက် တွင် ပုသိမ်မြို့ ကိုးသိန်းမိုးလုံလေလုံအားကစားကွင်းတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲများကို ကျင်းပသည့် မြို့တိုင်းတွင် ည ၇ နာရီ၌ စတင်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။ “ဖြူတို့ ဖျော်ဖြေမှုနဲ့ ပညာပေးအစီအစဉ်တွေ ပြောပြပေးရမယ်။ ဟောပြောပေးရတာတွေ ရှိပါတယ်။ ဖြူ ကတော့ အဓိကအနေနဲ့ ဖျော်ဖြေပေးရမှာပါ”ဟု လူကုန်ကူးမှုတားဆီးရေး သံတမန်ဖြစ်သူ အဆိုတော် ဖြူဖြူကျော်သိန်းက ဆိုသည်။ ၎င်းဖျော်ဖြေပွဲ၏ ပထမအကြိမ်ဖျော်ဖြေမှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြည်သူ့ဥယျာဉ်တွင် အမေရိကန် အဆိုတော် ဂျေဆင်မရတ်၊ ထိုင်းအဆိုတော် ဆလော့မစ်ရှင်းတို့နှင့်အတူ မြန်မာနိုင်ငံမှ R ဇာနည်၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်းတို့ဖြင့် အခမဲ့ကျင်းပခဲ့သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment