ခင်ဝင့်ဝါဟာ နောက်ဆုံး ဆန်ကာတင် ၂၀ ဦး ရွေးချယ်ရာမှာ ပါဝင်ခဲ့ပြီး အင်တာနက်ကနေ မဲပေး ရွေးချယ်မှုနဲ့ ပတ်သက်လို့ မဲအများဆုံး ရရှိသွားခဲ့တာပါ။ အခုလို Miss Internet ဆုကို ခင်ဝင့်ဝါ ရရှိလိုက်ခြင်းဟာ နိုင်ငံတကာ အဆင့် အလှမယ်ပြိုင်ပွဲတွေမှာ နန်းခင်ဇေယျာပြီးရင် ဒုတိယမြောက်လည်းဖြစ်ပါတယ်။ ပုံမှာ တွေ့ရတဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ ပျူမဒီ ခင်ဝင့်ဝါ http://blog.irrawaddy.org/2013/09/blog-post_4415.html ဆိုပြီး ဖော်ပြခဲ့ပြီးပါပြီ။ ခင်ဝင့်ဝါ ရရှိခဲ့တဲ့ ဆုတွေနဲ့ ပတ်သက်လို့ ခင်ဝင့်ဝါရဲ့ Miss Supranational Myanmar စာမျက်နှာက အခုလို ဆိုထားပါတယ်။ Miss Supranational Myanmar 2013 - မခင်ဝင့်ဝါ သည် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီး စကာတင် လက်ရွေးစင် Finalist စာရင်းဝင် မြန်မာနိုင်ငံ၏ ပထမဆုံးအလှမယ် ဖြစ်လာခဲ့သည့်အပြင် Miss Internet, Most Beautiful Girl in the World, People Choice Award နှင့် Face of Miss Supranational ဆု(၄) ဆု တို့ ကို မြန်မာပြည်အတွက် သယ်ဆောင်လာပါတော့မှာဖြစ်ပါတယ်။ မခင်ဝင့်ဝါ က ယနေ့ စက်တင်ဘာလ (၇)ရက် ဘီလာရုပ်စ်စံတော်ချိန် (၂)နာရီခွဲမှာ Minsk မြို့ တော်မှ ပြန် လည် ထွက်ခွာလာမှာဖြစ်ပြီး စက်တင်ဘာလ(၈)ရက် မနက်ဖြန် နေ့ လည် (၁၁း၄၅)နာရီ အချိန်တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာမိဘပြည်သူညီအစ်ကိုမောင်နှမ ပရိသတ်များအနေဖြင့် နိုင်ငံနဲ့ လူမျိုးအတွက် ဂုဏ်ဆောင် ကာ အောင်မြင်မှုများရရှိလာသော Miss Myanmar မခင်ဝင့်ဝါကို ပျော်ရွှင်ဝမ်းမြောက်စွာ ဂုဏ်ပြု ကြိုဆိုကြဖို့ ရိုသေလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ... ယခုနှစ်အတွက် Miss Supranational 2013 ဆုကိုတော့ ဖိလစ်ပိုင်နိုင်ငံက မစ္စ Mutya က ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။ ပျူခေတ် ၀တ်စုံဖြင့် ခင်ဝင့်ဝါ၊ ဓာတ်ပုံ- Miss Supranational Myanmar ဗီဒီယို လင့် http://www.youtube.com/watch?v=-kix0hG5fUM&feature=player_embedded http://www.youtube.com/watch?v=vDMJzfYEKWs&feature=player_embedded အေးချမ်းမွန် Credit To >ဧရာဝတီ < Thanks Re-posted By ACM 7-9-2013 https://www.facebook.com/excellencemedia http://pktkmk.blogspot.com/?m=1
No comments:
Post a Comment