Tuesday, September 10, 2013

အသေးစား၊ အလတ်စားလုပ်ငန်းများကို ငွေချေးနိုင်ရန် JICA လေ့လာ

 မန္တလေး၊ စက်တင်ဘာ ၉

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို ချေးငွေထုတ်ချေးနိုင်ရန် အတွက် လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အကြီးတန်းအကြံပေး ဦးစံသိန်း က ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မဏိကဉ္စနာခန်းမတွင် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်သော အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC) အလုပ်ရုံဆွေးနွေးပွဲ တွင် ၄င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ အဆိုပါအေဂျင်စီက အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများကို သက်သာသည့် အတိုးနှုန်းနှင့် ထုတ်ချေးနိုင်မည် ဖြစ်ပြီး နှစ် ၄ဝ စာချုပ်သက်တမ်းတွင် အနှစ် ၃၀ အတိုးအရင်း ပေးစရာမလိုဘဲ နောက် ၁၀ နှစ်မှ အတိုးအရင်း ပြန်ဆပ်ရမည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြော ကြားသည်။ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ငွေချေးမည်ဆိုပါက လယ်ယာမြေ အပေါင်ပစ္စည်းထား၍ ဆောင်ရွက်ပါက အောင်မြင်နိုင်ကြောင်း မြင်းခြံမြို့မှ ကြက်သွန်ပွဲ ရုံပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ အသေးစားနှင့် အလတ်စားစက်မှု လက်မှုဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း အမျိုးအစား ၂၄ မျိုး အတွက် ကျပ်ငါးဘီလီယံ ထုတ်ချေးခဲ့ကြောင်း ဦးစံသိန်းက ထပ်မံပြောကြားသည်။   

http://kmksgg.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment