Wednesday, September 4, 2013

">ထန်းကုန်းအကြမ်းဖက်မှုတွင် ပျက်စီးခဲ့သော အိမ်ခြေများအား ပြန်လည်ဆောက်လုပ်ပေးမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆို

 Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia Created on Wednesday, 04 September

2013 18:06 ကန့်ဘလူမြို့နယ် ထန်းကုန်းအကြမ်းဖက်မှုကြောင့် ဒုက္ခသည် ၃၂၅ ဦး ရှိနေပြီး ပျက်စီးဆုံးရှုံးသွားသော အိမ်ခြေများကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြန်လည်တည်ဆောက်ပေးရန် ကတိပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ "အကြမ်းဖက်ဖြစ်စဉ် ပြီးတဲ့နောက်ရက်မှာ ၀န်ကြီးချုပ် ဦးသာအေးလာတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်တွေကို အမြန်ဆုံး ပြန်ဆောက်ပေးမယ်လို့ ပြောသွားတယ်။ မီးလောင်ပျက်စီးတာက အိမ်ခြေ ၅၂ လုံး ရှိတယ်" ဟု ထန်းကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။ ဒုက္ခသည် ၁၅၀ ခန့်အား လက်ရှိထန်းကုန်းကျေးရွာ အာရ်ဗီကျောင်းတွင် ယာယီနေရာ ချထားပြီး မြို့နယ်ကျန်းမာရေး ဌာနက နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ စောင့်ရှောက်ပေးနေကြောင်း သိရသည်။ "ဒုက္ခသည် ၁၅၀ လောက်က အာရ်ဗီကျောင်းထဲမှာ။ ကျန်တာတွေကတော့ ဗလီနဲ့ တခြားဆွေမျိုးတွေအိမ်မှာ နေကြတယ်" ဟု ထန်းကုန်းဒေသခံ ဦးအောင်ဆန်းက ပြောကြားသည်။ ဒုက္ခသည်များအား ထောက်ပံ့မှုအနေဖြင့် ပဋိပက္ခ တားဆီးရေးအဖွဲ့က တစ်အိမ်ထောင်လျှင် ကျပ် ၁၇၀၀၀၊ လူတစ်ဦးလျှင် ကျပ် ၁၅၀၀၀ ပေးအပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျပ်သိန်း ၂၀ နှင့် အခြားအသုံးအဆောင် ပစ္စည်းအချို့ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ "ပျက်စီးသွားတဲ့ အိမ်တွေကို အမြန်ဆုံး ပြန်ဆောက်ပေးရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကတိပေးပြီး တကယ်မလုပ်ဖြစ် တာတွေကလည်း ရှေ့မှာရှိနေတော့ ဒေသခံတွေက စိုးရိမ်မှုတော့ ရှိတယ်" ဟု ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။ အကြမ်းဖက်မှုကြောင့် မီးလောင်ခဲ့ရသော နေအိမ်နှင့် အဆောက်အအုံများအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 5-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment