Sunday, September 8, 2013

မန္တလေးတွင် စက်မဲ့ရေပေါ်ဟိုတယ် တည်ဆောက်မှု ဆီးဂိမ်းအမီ ပြီးစီးနိုင်

  မြ၀တီ < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia ">

9.9.2013 မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေး ဧရာဝတီမြစ် တွင် တည်ဆောက်လျက် ရှိသော ကြယ်နှစ်ပွင့် အဆင့်ရှိ စက်မဲ့ ရေပေါ် ဟိုတယ် တည်ဆောက်မှု မှာ ဆီးဂိမ်းအမီ ပြီးစီးနိုင်ကြောင်း တည်ဆောက်ရေး စီစဉ်သူ၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ တည်ဆောက်မှု တွင် အဆင့်မြင့် နည်းပညာများ အသုံးပြုသော လုံခြုံရေး စနစ်များ ပါဝင်ပြီး ပင်လယ်ကူး သင်္ဘောများ ၌ ပါဝင်သည့် Bio Tank ဖြင့် အမှိုက်များ ၊ မိလ္လာများ ချေဖျက် သန့်စင် ပေးသည့် စနစ်များ ထည့်သွင်း သွားမည် ဖြစ်ကြောင်း ၊ မီးဘေး အန္တရာယ် ကင်းရှင်းရေး အတွက် ဟိုတယ်အတွင်း အပူငွေ့ ထွက်ရှိပါက မီးငြှိမ်းသတ် နိုင်သော စနစ်များ ၊ အင်တာနက် နှင့် စာကြည့်ခန်း ၊ အားကစား လေ့ကျင့်ရေး ခန်းမ ၊ အလှပြင် ခန်းမ ၊ အစား အသောက်ခန်း များအပါအ၀င် ကာရာအိုကေ အခန်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ " နိုင်ငံတကာ အဆင့်မီ တည်ဆောက် နေတာ ဆီးဂိမ်းအမီ ပြီးနိုင်အောင် လို့ ဒါမှလည်း ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ကြော်ငြာ ပြီးဖြစ်သလို ဒီကာလ အတွင်းမှာလည်း အများကြီး အကျိုးရှိ နိုင်ပါတယ် ... " ဟု ၄င်းက ပြောကြား ခဲ့သည်။ လက်ရှိတွင် ဟိုတယ် သည် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ၊ အလျား ၂၃၅ ပေ ၊ အနံ ၅၃ ပေရှိပြီး ပေ ( ၂၀x၁၈ ) အခန်းပေါင်း ၇၀ ခန့် ပါဝင်ကြောင်း ၊ ရေပေါ် ဟိုတယ်အတွက် တည်ဆောက်လျက် ရှိသည့် အလျားပေ ၃၅၀ ၊ အနံ ၁၂၅ ပေရှိသော ဟိုတယ် ဆိပ်ခံ တံတား ပြီးစီးပါက ရေကျချိန် များတွင် မန္တလေး ဆိပ်ကမ်းသို့ ပြောင်းရွှေ့ ထားမည် ဖြစ်ကြောင်း သိရသည်။ ၀န်ဆောင်မှု အနေဖြင့် ရေကြောင်း ခရီးဖြင့် မင်းကွန်း သွားမည် ဆိုပါက Speed Boat အသေးစားများ ထားပေးမည် ဖြစ်ပြီး ပြင်ဦးလွင် မြို့မှလည်း ရထားလုံး ပုံစံ ၁၀ စင်းခန့် ပြသရန် ကမ်းနားမှာ ထားရှိမည် ဖြစ်ကြောင်း ၊ ယင်း ရေပေါ် ဟိုတယ်ကို MCPM ( Myanmar Construction Project Management ) ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။ အေးချမ်းမွန် Credit To > မြ၀တီ < Thanks Re-posted By ACM 9-9-2013 https://www.facebook.com/excellencemedia  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment