Wednesday, September 4, 2013

လားရှိုးမြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမ

ိ နေပြည်တော်၊ စက်တင်ဘာ ၄ ၃-၉-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် လားရှိုးမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ လားရှိုးမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့်ရုံးကြီးလမ်းထောင့်တွင် ကျောက်မဲမြို့၊ ပန်ဟတ်ရပ်ကွက်နေ ကျော်မင်းထွေး (ခ)အားယုံ(၂၀)နှစ်မောင်းနှင်ပြီး တစ်ရပ်တည်းနေ အေးဟွမ်(ခ)ခင်မင်းစိုး(၁၈)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀)ပြား၊၊ ကျော်မင်းထွေး၏အင်္ကျီအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်(၂)ခွက်နှင့် အေးဟွမ်၏ဘောင်းဘီအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်(၁)ခွက်၊ စုစုပေါင်းအလေးချိန်(၅၁)ဂရမ၊် တန်ဖိုးငွေကျပ်(၁၁.၆၉)သိန်းတွေ့ရှိသိမ်းဆည်း ရမိသဖြင့် ကျော်မင်းထွေး(ခ)အားယုံနှင့် အေးဟွမ်(ခ)ခင်မင်းစိုးတို့ ၂ ဦးအား လားရှိုးမြို့မရဲစန်း မယ(ပ) ၁၃၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။  

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment