နေပြည်တော်၊ စက်တင်ဘာ ၆ ၂၇-၈-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရွာတန်းရှည်ရပ်ကွက်နေ ဦးဝင်းကိုဦး(၂၇)နှစ်သည် ၎င်း၏ Wave - 110 ပုံပြောင်း ခဲ/မဲရောင်ဆိုင်ကယ်၊ တန်ဘိုးငွေကျပ်(၇၂၀၀၀၀ိ/-)အား နေအိမ်ရှေ့တွင် သော့တန်းလန်းဖြင့်ရပ်တန့်ထားစဉ် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာနေ ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ဦးစိန်တင်နှင့် အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ဝယ်မည်ဟုပြောဆိုကာ ဆိုင်ကယ်တက္ကစီဖြင့်လိုက်ပါလာသူ အမည်မသိအမျိုးသားမှ ဆိုင်ကယ်အား ခိုးယူမောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထိုသို့ ဆိုင်ကယ်ခိုးယူမောင်းနှင်ထွက်ပြေးသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးဝင်းကိုဦးမှတိုင်တန်းသဖြင့် အိန္ဒုနယ်မြေရဲစခန်း(ပ)၃၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။ အမှုမှတရားခံဖမ်းဆီးရမိရေး အိန္ဒုနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက အခြားရဲစခန်းများသို့ ဆက်သွယ်စုံစမ်းရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လှိုင်းဘွဲ့မြို့နယ်၊ လင်းရောင်ခြည် ကျေးရွာနေ အောင်ပိုင်(၂၀)နှစ်အား ၂-၉-၂၀၁၃ ရက်နေ့တွင် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းမှဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်အား ပြန်လည်သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်ဆေးဖော်ထုတ်ချက်အရ လှိုင်းဘွဲ့မြို့နယ်အတွင်းမှ ၎င်းခိုးယူထားသည့် Honda Dream - 125 အစိမ်းရောင်ဆိုင်ကယ်(၁)စီးကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment