အုန်းနိုင် စက်တင်ဘာ ၅၊ ၂၀၁၃ ၈.၈.၈၈ ညမှာ ကျနော့် ညဂျူတီ ရှိလို့ ကောင်စီရုံးကိုပြန်ရပါတယ်..။ကောင်စီ ရုံးရောက်တော့ ည ၆နာရီ လောက် ရှိပါပြီ..။ကောင်စီအတွင်းရေးမှူးက ဆန္ဒပြ ခေါင်းဆောင်ပိုင်းကို နည်းနည်းလောက် ဆွဲကုပ်ထားလိုက်ရမလား..လို့  မေးပါတယ်..။ကျနော်က ဘယ်သူမှ ဖမ်းဖို့မလိုပါဘူး..။အခုဖြစ်တဲ့  ကိစ္စမှာ လဲတိတိပပ ဘယ်သူ ခေါင်းဆောင် ဆိုတာထက် တပြည်လုံး အုံကြွ လို့  လူထု ကပါလာတာပဲ..လို့ ပြန်ပြောလိုက်တယ်..။ဝန်ထမ်းထဲကတောင် ဆရာမ တဦး စင်ပေါ်တက် မိန့်ခွန်း ပြောသွားသေးတယ်..လို့  ပြောပါတယ်..။သူတို့က ၁၈လမ်းက ပြန်သံမန်နေဂျာ ၀န်ထမ်း ဦးမြင့်စိုးနဲ့  ဆရာမဒေါ်နုနု အောင်တို့ ဇနီးမောင်နှံ နဲ့  သူတို့ အပေါင်းအသင်း တစုကိုလည်းအာရုံစိုက်နေပုံ ရပါတယ်…။နောက်ပြီး..ကျနော့်သမီး တွေနဲ့  တူတူ မတွေကိုရှောင်ပြောနေပေမဲ့  ..သူတို့မှာလည်း ဘယ်သူတွေ ဘာတွေလှုပ်ရှားနေတယ်..ဆိုတာ သတင်းတွေတော့ ရပြီးသား ဖြစ်နေပါပြီ..။ နောက်ဆုံးတော့ အထက်တန်းကျောင်းတုန်းမှာ ကျနော်ကျောင်းအုပ် လုပ်တုန်းက ကျောင်းစည်းကမ်း မလိုက်နာလို့  ကျောင်းဝင်ခွင့် မပြုခဲ့ တဲ့  ကိစ္စနဲ့ ကျနော်ကိုယ်တိုင် ဌာနဆိုင်ရာ အစစ်ခံရတဲ့  ကျောင်းသားဟောင်း မောင်ဇာနည် ခေါ် ကျော်မိုးနိုင် တယောက်ကိုတော့ဆွဲထားချင်တယ် လို့  လုပ်လာပါတယ်ဒီကျောင်းသားက ကျနော်တရားရုံးရောက်မှ ကျနော့်တူ အရင်းနဲ့  လည်းလူငယ်ချင်း ရန်ဖြစ်ပြီး နှစ်ယောက်စလုံး အချုပ်ခံရ၊တရားစွဲ ခံရ ဘူးပါတယ်..။ဒါကြောင့် ကောင်စီအတွင်းရေးမှုးက ကျနော့်ကို သွေးတိုးစမ်းလိုက်တာပါ..။သူ့ အတွေးအခေါ်ဟာ တယ်ကလေး ဆန်ပါလား..လို့ ကျနော်ယူဆလိုက်ပါတယ်..။ကျနော့်မှာ ကိုယ်ရေးကိုယ်တာ အားနဲချက် ရှိမလားလို့  စမ်းတာပါ..။နုပါသေးတယ်..။ဒီ အတွေး အခေါ်လောက်နဲ့ ပဲ ချဉ်းကပ်တတ်လို့  ကောင်စီ အတွင်းရေးမှူး ဖြစ်နေတာပါ..။ကျနော့်ကိုသူ့အဆင့်လောက်ပဲ ထင်ဟန်တူပါတယ်..။ကျနော်က သူ့ကို ကိုယ့်ထက်ငယ်တဲ့  သူလည်း ဖြစ်နေလို့ “ မင်းကလည်း ..ငါ့ကို ခပ်ညံ့ညံ့ ထင်ပြီး စမ်းတာလား…။ဘယ်သူ့မှ မဖမ်းနဲ့ ..။ဖမ်းချင်ရင် ငါ့ကို စဖမ်း ..”လို့  ပြောလိုက်မှပဲ ငြိမ်ကုပ် သွားပါတယ်။ တကယ်တမ်း မြို့ နယ် ကောင်စီ အမှုဆောင်ထဲမှာ နိုင်ငံရေး အတွေးအခေါ်ရှိသူဆိုလို့  ဦးအုန်းကြိုင်တယောက်ပဲ ရှိပါတယ်..။ကျန်တဲ့ သူတွေကတော့ ဇာတ်ရုပ်ကလေး ရှိတုန်း..မင်းပဲ..။သူဌေးပဲ..။ဝန်..ပဲ။ဖြစ်နေတာပါ..။ဇာတ်ရုပ် ချွတ်လိုက်ရင် ဘာမျှ မဟုတ်တော့တဲ့ သူတွေ ချည်း ပါပဲ..။ ကောင်စီ ရုံးမှာပဲ ဘီဘီ စီဖွင့်ပြီးနားထောင်ကြပါတယ်..။ရန်ကုန်မှာတော့ စစ်အုပ်ချုပ်ရေးကြေညာ ထားပေ မဲ့  ကျောင်း သားတွေက ဦးဆောင်ပြီး..ရဟန်းသံဃာတွေရော..ပြည်သူလူထုပါ လမ်းပေါ်ထွက်လာပြီး ..ပါတီစုံ ဒီမိုကရေစီ စနစ် ပေးရေး..။စိန်လွင်ထွက်ပေးရေး..။ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြကြ တယ် လို့  …ဘီဘီစီက သတင်းပေးပါတယ်..။အစိုးရဘက်က လည်း ည၈နာရီကနေနံနက်၎နာရီအထိညမထွက်ရ […] http://pktkmk.blogspot.com/?m=1
No comments:
Post a Comment