Wednesday, September 11, 2013

>မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ် ၆၂ စင်းမှ အခွန်ငွေ ဒေါ်လာ ၁၃ သန်းကျော် ရရှိထား

 Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia " Created on Wednesday, 11 September 2013 20:07 မြန်မာ့ပင်လယ်ပြင်တွင် Fishing Right အစီအစဉ်ဖြင့် နိုင်ငံခြား ငါးဖမ်းရေယာဉ် ၆၂ စင်းဖြင့် ငါးဖမ်းဆီးနေပြီး အခွန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာ့ပင်လယ်ပြင်တွင် Fishing Right အစီအစဉ်ဖြင့် နိုင်ငံခြား ကုမ္ပဏီနှစ်ခုမှ ငါးဖမ်းရေယာဉ် ၆၂ စင်းဖြင့် ဖမ်းဆီးနေကြောင်း သိရပြီး Joint Venture အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် ငါးဖမ်းရေယာဉ် ငါးစင်းရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။ "Fishing Rights နဲ့ ဖမ်းနေတဲ့ နိုင်ငံခြား ငါးဖမ်းရေယာဉ်တွေရဲ့ ဖမ်းဆီးခွင့် သက်တမ်းဟာ ၂၀၁၄ ခုနှစ် မတ်လမှာ ကုန်မှာဖြစ်ပါတယ်။ ထိုင်းကုမ္ပဏီတစ်ခုက နောက်ထပ်ဖမ်းဆီးခွင့် သက်တမ်းတိုးဖို့ လာပြီးတင်ပြထားတာ ရှိပါတယ်။ ဖမ်းဆီးခွင့် ထပ်ပြီးပေး မပေးဆိုတာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ထပ်ပြီးတင်ပြသွားရဦးမယ်" ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းဝင်းက ပြောကြားသည်။ ထို့အပြင် မြန်မာ့ပင်လယ်ပြင်တွင် Joint Venture အစီအစဉ်ဖြင့် နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ ငါးဖမ်းရေယာဉ် ငါးစင်းဖြင့် ဖမ်းဆီးနေသည့်အပြင် ကျူနာငါးမျှားတန်း၊ ကင်းမွန်မီးထွန်း လုပ်ကိုင်နေကြသည့် ရေယာဉ်များလည်းရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ် လက်ရှိအထိ မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ် စုစုပေါင်း ၇၂ စင်းရှိကြောင်း သိရပြီး အခွန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၄၀၇၅၆၀ ရှိရထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့အတူ မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့် သက်တမ်းထပ်တိုးမပေးရန် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းထားကြောင်း သိရသည်။ Fishing Rights အစီစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များမှ နောက်ထပ်ဖမ်းဆီးခွင့် သက်တမ်းထပ်တိုးပေးရန် သက်ဆိုင်ရာဌာနသို့ တင်ပြထားသည့်အပေါ် ပြည်တွင်းငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ပညာရှင်များက ဖမ်းဆီးခွင့် ထပ်မပေးရန် သဘောမှတ်ချက်ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ပေးထားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia   

http://mrcopyboy.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment