ိ နေပြည်တော်၊ စက်တင်ဘာလ ၁၀ ၉-၉-၂၀၁၃ ရက်နေ ၁၂၁၅ အချိန် ကွမ်းလုံမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လောက်ကိုင်မြို့အ၀င် လမ်းအသုံးပြုခကောက်ခံရေးစခန်း၌ ရှာဖွေစစ်ဆေးနေစဉ် လောက်ကိုင်မှ ချင်းရွှေဟော်သို့ ဟိုပန်မြို့၊ နမ့်ဝင်းပန်းကျေးရွာနေ ၀မ်ကျင်းယုံ(၁၈)နှစ်မောင်းနှင်ပြီး လီလောက်ကျုံး (၁၈)နှစ်နှင့် လီလောက်ပင်း(၁၈)နှစ်တို့လိုက်ပါလာသည့် LINGKEN အမျိုးအစား ၁၂၅ လိုင်စင်မဲ့ ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာ ၀မ်ကျင်းယုံဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီရှေ့ယာဘက်အိတ်ကပ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ် အတွင်းထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ(၁)ထုပ်၊ ၁၉၀ ပြားပါ(၁)ထုပ်၊ ၈၅ ပြားပါ (၁)ထုပ်၊ စုစုပေါင်းဆေးပြား ၄၇၅ ပြား၊ အလေးချိန်(၄၇.၅)ဂရမ်၊ တန်ဘိုးငွေကျပ်(၇.၁၂၅)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် ၀မ်ကျင်းယုံပါ(၃)ဦးအား တုံချိန်နယ်မြေရဲစခန်း မယ(ပ)၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ http://pktkmk.blogspot.com/?m=1
No comments:
Post a Comment