“မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ မျှော်လင့်ချက်ပြန်ရှိပြီ” ဆိုသည့် တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်း ဌာနက ... “မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ မျှော်လင့်ချက်ပြန်ရှိပြီ” ဆိုသည့် တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြလိုက်သည်ကို ထိုသတင်းဌာနက မေးမြန်းပြီး ကိုးကားဖော်ပြခံရသည့် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်အောင်က ထိုသတင်းမှာ အဓိပ္ပာယ် အယူအဆလွဲမှာ မှုများ ရှိနေသည်ဟု မဇ္ဈိကိုပြောသည်။ အဆိုပါသတင်းတွင် ဆင်ဟွာသတင်းဌာနက “မြန်မာ-တရုတ် ဖက်စပ်လုပ် ဆောင်သည့် စီမံကိန်းကို ၂၀၁၅ ခုနှစ်အထိ ရပ်ဆိုင်းလိုက်မည်ဆိုပါက မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ငါးနှစ်နောက်ကျကျန်ခဲ့မည်” ဟု ဦးထွန်းနိုင်အောင်ကပြောကြောင်း စက်တင်ဘာ ၄ ရက်ကဖော်ပြထားသည်။ ထိုကိစ္စအပေါ် “ဆင်ဟွာကိုဖြေခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မြစ်ဆုံတစ်ခုတည်းကို ရည်ညွှန်းပြီးပြောတာ မဟုတ်ပါဘူး။ ရေအားလျှပ်စစ်နဲ့စွမ်းအင်ထုတ်မယ့် စီမံကိန်းတိုင်းကို တိုင်းပြည်ရဲ့လိုအပ်ချက်အရ လက်ခံသင့်တယ်လို့ ဆိုလိုတာပါ” ဟု ဦးထွန်းနိုင်အောင်ကရှင်းပြသည်။ ဆင်ဟွာက အဆိုပါသတင်း၏ အဖွင့်ပိုဒ်တွင် “အာဆီယံ-တရုတ် ကုန်စည်ပြပွဲတွင် တွေ့ဆုံခဲ့သည့် မြန်မာနှင့် တရုတ်ခေါင်းဆောင်များမှ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ပြောဆိုနေသည်နှင့် အမျှ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်စတင်ရေးအတွက် ပြောဆိုနေမှုများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်” ဟုရေးသားခဲ့သည်။ အာဆီယံ - တရုတ် ကုန်စည်ပြပွဲဆိုသည်မှာ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ခဲ့သည် နန်နင်းမြို့မှ ကုန်စည်ပြပွဲကို ဆိုလိုသည်။ စစ်အစိုးရလက်ထက်၌ မြန်မာ-တရုတ် အစိုးရအကြားပူးပေါင်းပြီး မြစ်ဆုံစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်ကာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်သူများ၏ ဆန္ဒပြမှုများ၊ နယ်ပယ် အသီးသီးမှ ကျွမ်းကျင်သူ များ၏ ဆန့်ကျင်ကန့်ကွက် မှုတို့ကြောင့် ထိုစီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း ဆက်မလုပ်ပါဟု သမ်္မတက ကတိပေးခဲ့ရသည်။ မြန်မာစက်မှု လုပ်ငန်းရှင်းများအသင်း၏ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးထွန်းနိုင်အာင်က “ငလျင်တွေဖြစ်လာခဲ့ရင်တောင်မှ ရေကာတာကိုမကျိုးမပေါက်စေမယ့် နည်းပညာတွေလည်းရှိ နေပြီဆိုတော့ မြစ်ဆုံရယ်လို့မဟုတ်ဘဲ ရေအားလျှပ်စစ်ဆိုတာကို ဖြစ်စေချင်တယ်” ဟု မဇ္ဈိမကိုပြောသည်။ သို့သော် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမြတ်သင်းအောင်ကမူ “ရေအားနဲ့လုပ်တာက နည်းပညာကောင်းဖို့လိုတယ်။ မဟုတ်ရင်အန္တရာယ်များတယ်။ ပြည်တွင်းမှာလည်း ဓာတ်ငွေ့တွေထွက်နေ တာပဲ၊ လုပ်လို့ရပါတယ်” ဟု မှတ်ချက်ပြုသည်။ Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment