Friday, September 6, 2013

သိန်းနှစ်ရာကျော်တန်သော နံ့သာနီတုံးများသယ်လာသူ နိုင်ငံခြားသားနှစ်ဦး ဖမ်းဆီးခံရ သတင်း / 3 hours ago

  မြန်မာ-အိန်္ဒိယနယ်စပ်ဒေသတစ်ခုဖြစ်သည့် တမူးမြို့နယ်၊ ပန်းသာရွာအနီး တောတွင်းတစ်နေရာတွင် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ... မြန်မာ-အိန်္ဒိယနယ်စပ်ဒေသတစ်ခုဖြစ်သည့် တမူးမြို့နယ်၊ ပန်းသာရွာအနီး တောတွင်းတစ်နေရာတွင် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င်တင်သွင်းမည့် အကောက်အခွန်မဲ့ နံ့သာနီတုံးများ သယ်ဆောင်လာ သည့် နိုင်ငံခြားသားနှစ်ဦး ကို စက်တင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ကြောင်း ထိုဒေသရှိ နယ်စပ်ကုန်သွယ်ရေး ဌာနမှ စုံစမ်းရရှိသည်။ သူတို့သည် နံ့သာနီတုံး ၂၂၀ ကျော်ကို ၁၀ ဘီးတပ်ကုန်တင်ကားကြီးဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုကုန်ပစ္စည်းများသည် တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၁၀ ကျော်ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးက ဆိုထားသည်။ ထိုနိုင်ငံခြားသားများမှာ အိန်္ဒိယနိုင်ငံသားများဖြစ်သည်ကို သက်ဆိုင်ရာကုန်သွယ်ရေးဂိတ်မှ အာဏာပိုင်များက စစ်ဆေးအတည်ပြုထားပြီး သူတို့သည် မဏိပူရပြည်နယ်၊ အင်ဖာမြို့နှင့်မိုရေးမြို့တို့မှ လာရောက် ကြခြင်းဖြစ်သည်ဟု လည်း ဆိုသည်။ ကာလတန်ဖိုးအားဖြင့် နံ့သာနီတစ်ပိဿလျှင် ကျပ်ခြောက်သောင်းခန့်တန်ကြေးရှိပြီး ထိုကုန်ပစ္စည်းများကို ဖမ်းမိသည် မှာ တမူးမြို့နယ်၊ ပန်းသာကျေးရွာမှ ကုန်သည်တစ်ဦးနှင့် မန္တလေးမှ ပုဂ်္ဂိုလ်တစ်ဦးတို့ကို မှောင်ခိုကုန်သွယ်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသဖြင့်စောင့်ကြည့်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟုလည်း စုံစမ်းရရှိသည်။ ယခုကိစ္စကို တမူးမြို့မရဲစခန်းတွင် ဒု- ရဲအုပ်တစ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှုအမှတ် (ပ) ၈၃/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်ခင်ဇော်ထိုက်က ကိုင်တွယ်စစ်ဆေးလျက်ရှိကြောင်း ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment