လာမည့် အောက်တိုဘာ ၁ ရက် ၂၉၇ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ကျပ်သိန်းနှစ်ရာဆုနှစ်ဆု ဆုကြေးတိုးမြှင့် ပေးမည် ဖြစ်ကြောင်း ... လာမည့် အောက်တိုဘာ ၁ ရက် ၂၉၇ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ကျပ်သိန်းနှစ်ရာဆုနှစ်ဆု ဆုကြေးတိုးမြှင့် ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က မဇ္ဈိကို ပြောသည်။ ယင်းသို့ တိုးမြှင့်ပေးခြင်းမှာ ယခင်က အောင်ဘာလေထီ၏ ဖြည့်စွက်ယူနစ်စနစ်တွင် ပါဝင်သော ဆုမဲ အရေအတွက် လျှော့ချလိုက်ခြင်းကြောင့်ဖြစ်ပြီး ယခင်က ဖြည့်စွက်ယူနစ်တွင် (ဆုအသေး) ၂၀၀ ပါဝင်ပြီး လျှော့ချ လိုက်ရာတွင် ၅၀ သာ ပါဝင်တော့မည်ဖြစ်သည်။ ယင်းသို့ လျှော့ချလိုက်ခြင်းကြောင့် ဆုကြီးဖြစ်သော ကျပ်သိန်း ၂၀၀ ထီတွင် ဆုအရေအတွက် နှစ်ဆုတိုးခြင်းဖြစ်သည်။ ယင်းသို့ ဆုအရေအတွက်တိုးခြင်းမှာ ပုံမှန်တိုး သွားခြင်းမျိုးမဟုတ်ဘဲ ထီရောင်းရသည့် အက္ခရာအရေအတွက် ပေါ် မူတည်၍ ကွာခြားမည်ဖြစ်သည်။ ယင်းကြောင့် သိန်းနှစ်ရာဆုမှာ ပုံမှန်နှစ်ဆုတိုးသွားမည် မဟုတ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှသိရသည်။ ဆုသေးအရေအတွက် လျှော့ချလိုက်ခြင်းကြောင့် ထီဖွင့်ပွဲတွင် အချိန်မြန်မြန်ဖြင့် ဆုမဲဖွင့်ပေးနိုင်မည်ဟုလည်း ယင်းဌာနမှသိရသည်။ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးဦးသိန်းနိုင်က “ဒီလိုပြောင်းလဲခြင်းက ဆုကြီးတွေ တိုးပေးနိုင် အောင်၊ ထီဖွင့်ပွဲကို မြန်မြန်ဆန်ဆန် ဖွင့်ပေးလို့ရအောင်ဖြစ်တယ်။ ဆုသေးအရေအတွက် ကတော့ လျော့နည်း သွားမယ်” ဟု ပြောသည်။ ကျောက်တံတားမြို့နယ်၊ သားကောင်း ရတနာထီဆိုင်မှ ပိုင်ရှင်တစ်ဦးက “ဖြည့်စွက်စနစ် တစ်ယူနစ် ၅၀ ပြောင်း လိုက်တော့ ဆုမဲအရေအတွက် လျော့သွားတဲ့အတွက် ထီဖွင့်ပွဲကို မြန်မြန်ဆန်ဆန်ဖွင့်ပေးနိုင်တယ်” ဟုပြောသည်။ အောင်ဘာလေထီ ရောင်းရငွေများမှ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ်သိမ်းယူပြီး ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ခွဲဝေပေးခြင်းဖြစ်သည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment