Thursday, September 12, 2013

ဇနီးဖြစ်သူ အိမ်ပေါ်က ဆင်းသွားသဖြင့် ပေါင်မုန့်နှင့် ပိုးသတ်ဆေးရောစားသူ သေဆုံး သတင်း / 18 hours ago

 ဇနီးဖြစ်သူ အိမ်ပေါ်ကဆင်းသွားသဖြင့် စိတ်ညစ်၍ ပေါင်မုန့်နှင့် ပိုးသတ်ဆေးရောစားသူတစ်ဦး သေဆုံးခဲ့မှု တစ်ခု စက်တင်ဘာ ၁၀ ရက် ... ဇနီးဖြစ်သူ အိမ်ပေါ်ကဆင်းသွားသဖြင့် စိတ်ညစ်၍ ပေါင်မုန့်နှင့် ပိုးသတ်ဆေးရောစားသူတစ်ဦး သေဆုံးခဲ့မှု တစ်ခု စက်တင်ဘာ ၁၀ ရက်က တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် သည်။ သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် ကိုနိုင်နိုင်(ခ)ကိုဦးဖြစ်ပြီး သူသည် ဆိုက်ကားနင်း၍ အသက်မွေးသူ တစ်ဦးဖြစ်ပြီး အောင်မင်္ဂလာလမ်းသွယ်၊ အိုးဘို အနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က စစ်ဆေး အတည်ပြုထားသည်။ ထိုသူသည် ယင်းနေ့ ၁၂ နာရီကျော် အချိန်က ဇနီးဖြစ်သူ အိမ်ပေါ်မှဆင်းသွားသဖြင့် စိတ်ညစ်ကာ ပေါင်မုန့်နှင့် အင်ဒရင်းပိုးသတ်ဆေးတို့ကို ရောစားခဲ့သည်ဟုလည်း ကနဦး စစ်ဆေးတွေ့ရှိထားသည်ဟု ရဲဌာနကဆိုသည်။ ယင်းသို့ စားသုံးမှုကြောင့် အိပ်ယာအတွင်း အော့အန်သဖြင့် ဖခင်ဖြစ်သူက တွံတေးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် အလောင်းကို စစ်ဆေးရာတွင် လည်း ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ ရှိရသဖြင့် ဆေးရုံတာဝန်ကျ လက်ထောက်ဆရာဝန် ဒေါက်တာ ၀င်းကြူကြူထိုက်မှ လက်ခံထားရှိပြီး စစ်ဆေးနေသည်ဟု ဆိုသည်။ ထို့ပြင် ထိုသေဆုံးမှုကို မိမိကိုယ်ကို သတ်သေခြင်းဟုတ်၊မဟုတ် သိရှိနိုင်ရန် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၃/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment