Wednesday, September 11, 2013

ဆေးယဉ်ပါး တီဘီလူနာများအတွက် နောက်ဆုံးပေါ် မော်လီကျူးအဆင့် ရောဂါရှာဖွေရေး စက်များကို မြို့လေးမြို့တွင် ပထမဆုံးအကြိမ် အသုံးပြုမည်

 Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia ">် Created on Wednesday, 11 September 2013 17:16 ဆေးယဉ်ပါး တီဘီလူနာများအတွက် နောက်ဆုံးပေါ် မော်လီကျူးအဆင့် ရောဂါရှာဖွေရေးစက် (GeneXpert Machine)များကို မြို့လေးမြို့တွင် ပထမဦးဆုံးအကြိမ် စတင်အသုံးပြု သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။ အဆိုပါ စက်များကို UNITAID အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေသည့် "ကမ္ဘာ့ဆေးယဉ်ပါး တီဘီရောဂါ ရှာဖွေစစ်ဆေးခြင်း စီမံချက်" မှ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းနှင့် ယင်းစက်သည် ဆေးယဉ်ပါးရောဂါ ဟုတ်မဟုတ် စစ်ဆေးမှုအတွက် အချိန်နှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရောဂါရှာဖွေရေး စက်များကို တီဘီရောဂါ တိုက်ဖျက်ရေးဌာန (ရန်ကုန်) အပါအ၀င် လားရှိုး၊ တောင်ကြီးနှင့် မကွေးတိုင်း ဒေသကြီးများရှိ တီဘီရောဂါ တိုက်ဖျက်ရေး ဌာနများတွင် တပ်ဆင်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် တီဘီရောဂါ တိုက်ဖျက်ရေးဌာန (ရန်ကုန်)တွင် စတင်အသုံးပြု နေပြီဖြစ်ကြောင်း သိရသည်။ UNITAID အဖွဲ့အနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မှီငြမ်းပြု တီဘီရောဂါ ဓာတ်ခွဲဌာနများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများတွင် အကူအညီများ ပေးခဲ့သည်။ UNITAID အဖွဲ့အစည်းကို ဘရာဇီး၊ ချီလီ၊ ပြင်သစ်၊ နော်ဝေနှင့် ယူကေနိုင်ငံများ စုပေါင်း၍ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia  

 http://mrcopyboy.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment