Thursday, September 12, 2013

ချင်းတွင်းမြစ်ရေ မြင့်တက်လာသည့်အတွက် ရေယာဉ်ပြေးဆွဲခွင့် ယာယီရပ်ဆိုင်း သတင်း / 1 hours ago

  ချင်းတွင်းမြစ်ရေသည် ယခုရက်များအတွင်း မြင့်တက်လာသောကြောင့် မြစ်အတွင်းရေယာဉ်များ ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ... ချင်းတွင်းမြစ်ရေသည် ယခုရက်များအတွင်း မြင့်တက်လာသောကြောင့် မြစ်အတွင်းရေယာဉ်များ ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့်အတွက် ရေယာဉ်ပြေးဆွဲခွင့်ကို စက်တင်ဘာ ၁၂ ရက်မှစတင်ပြီး ယာယီ ရပ်ဆိုင်းထားကြောင်း တိုင်းဒေသကြီး ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ရွှေကပြောသည်။ ချင်းတွင်းမြစ်ရေသည် စက်တင်ဘာ ၁၂ ရက်မှ စတင်မြင့်တက်နေပြီး ဆက်လက်မြင့်တက်မည့် အလားအလာ ရှိနေသည့်အတွက် ရေယာဉ်ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းထားရခြင်းဖြစ်သည်။ မုံရွာဆိပ်ကမ်းမှ နေ့စဉ်ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်ကြီးများနှင့် ခရီးသည်တင်ရေယာဉ်ကြီးများသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းရှည်ခရီးများကို ခုတ်မောင်းပြေးဆွဲနေရခြင်းဖြစ်ရာ လက်ရှိ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်၍ ရေယာဉ်ပြေးဆွဲခွင့် ယာယီရပ်ဆိုင်း လိုက်ရခြင်းဖြစ်သည်။ ယင်းသို့ ရပ်ဆိုင်းလိုက်သော်လည်း ရေယာဉ်စီးနင်းခွင့် ကြိုတင်လက်မှတ် ၀ယ်ယူထားသူများအတွက် အခက်အခဲ မရှိစေရန် တိုင်းဒေသကြီး ရေယာဉ်ကြီးကြပ်ရေး အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ဆိုခဲ့သည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာလ ဒုတိယ ၁၀ ရက်အတွင်း သတင်းထုတ်ပြန်ချက်များ အရ ချင်းတွင်းမြစ်ရေသည် ခန်္တီးမြို့နှင့် ဟုမ္မလင်းမြိုတို့တွင် တစ်ပေမှ နှစ်ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် နှစ်ပေမှ သုံးပေခန့်လက်ရှိ ရေမှတ်များ၏ အထက်မြင့်တက် လာနိုင်သည်ဟု သိရသည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment