Wednesday, September 11, 2013

>နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက်လာရောက် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကြေးဆိုင်ရာ မူဝါဒနှင့် ဥပဒေအချို့ ပြောင်းလဲနိုင်ရေး ကမ္ဘာ့ဘဏ်က ဆောင်ရွက်နေ

 Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia "Created on Wednesday, 11 September 2013 20:36 မြန်မာနိုင်ငံသို့ နိုင်ငံခြားဘဏ်များ တိုက်ရိုက်လာရောက် ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ မူဝါဒများနှင့် ငွေကြေးဆိုင်ရာ ဥပဒေအချို့ ပြောင်းလဲနိုင်ရေးကို ကမ္ဘာ့ဘဏ် (IFC-International Financial Cooperation) မှ ဆောင်ရွက်နေကြောင်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားသည်။ ရန်ကုန်မြို့ရှိ Myanmar Media Library မှ ကြီးမှူးပြီး workshop on International Financial Institutions (IMF, World Bank, ADB) and Their Reengagement in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်က အဆိုပါ Myanmar Media Library ရုံးခန်း၌ပင် ကျင်းပခဲ့ရာ ကမ္ဘာ့ဘဏ် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ "IFC က ပုဂ္ဂလိကကဏ္ဍတွေ တိုးတက်လာအောင် တွန်းအားပေးဆောင်ရွက်တယ်။ အခုဆိုရင် နိုင်ငံခြားကဘဏ်တွေ မြန်မာနိုင်ငံမှာ ရုံးစိုက်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ငွေကြေးဆိုင်ရာ Policy တွေ ဥပဒေတွေပြောင်းဖို့ လုပ်နေကြပါပြီ" ဟု ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားသည်။ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များနှင့် ပြည်ပဘဏ်များအား အကျိုးတူ ပူးပေါင်းလုပ်ကိုင်နိုင်မည့်ဘဏ်များ အကျိုးတူ ပူးပေါင်းဖွင့်လှစ်နိုင်မည့် ဥပဒေကို ရေးဆွဲနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ အဆိုပါ ဥပဒေအား မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများ တိုးတက်စေရေးအတွက် ယခုနှစ်အတွင်း အပြီးသတ် အတည်ပြုနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကာ မြန်မာနိုင်ငံ ဘဏ်များနှင့် အကျိုးတူလုပ်ဆောင်မည့် ဘဏ်များကိုလည်း ပြည်တွင်းတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် ဘဏ်များအား ဦးစားပေး ခွင့်ပြုမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း တရားဝင်ကိုယ်စားလှယ် ရုံးများအဖြစ် ဖွင့်လှစ်ထားသည့် ပြည်ပဘဏ်များမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၀ ၀န်းကျင်ခန့် ဖွင့်လှစ်ထားပြီးဖြစ်ကာ ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှာ ဘဏ် ၂၀ အထိ ရှိနေကြောင်း သိရသည်။ ကမ္ဘာ့ဘဏ် (IFC) အနေဖြင့် ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီများကိုသာ ချေးငွေထုတ်ပေးကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီဟု ဆိုရာ၌ ပြည်တွင်းပိုင် ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်နိုင်သကဲ့သို့ ပြည်ပမှ မှတ်ပုံတင်ဖြင့် လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများလည်း ဖြစ်နိုင်ကြောင်း သိရသည်။ IFC အနေဖြင့် ငွေချေးသည့်ပုံစံ ၃၀ ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ 

အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 12-9-2013 https://www.facebook.com/excellencemedia   

http://mrcopyboy.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment