မြန်မာနိုင်ငံက ပြည်ပမှာ ဒေါ်လာ ၁၁ ဘီလီယံငွေစာရင်းဖွင့်ထားတယ်လို့ ပြည်တွင်း ထုတ် Weekly Eleven စာစောင်မှာ ပါရှိပါတယ်။ သမ္မတပြောခွင့်ရသူ ဒု-၀န်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံတော်အစိုးရက နိုင်ငံခြားမှာ ငွေစာရင်းဖွင့်ထားတာမရှိဘူးလို့ သူ့ဖေ့စ်ဘုတ် လူမှုရေးကွန်ယက်က တဆင့် ဖြေရှင်းချက်ပေးပါတယ်။ ဒီ၁၁ဘီလီယံ အကြောင်းထုတ်ဖော်ပြောကြားတဲ့ BIC – Bank Information Center က အာရှရေးရာ စီမံကိန်း မန်နေဂျာ Jelson Garcia ဟာ ကမ္ဘာ့ဘဏ်အနေနဲ့ ပြောကြားတာမဟုတ်ဘဲ ကမ္ဘာ့ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူးလို့ မြန်မာနိုင်ငံကမ္ဘာ့ဘဏ်ရုံးခွဲကလည်း ပြောကြားပါတယ်။ BIC ဟာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲ လုပ်ကိုင်ပုံတွေကို စောင့်ကြည့်တဲ့ သီးခြားလွတ်လပ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။ Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment