အရက်သောက်ပြီး တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးခဲ့သည့် ဒုတိယနှစ် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး ... အရက်သောက်ပြီး တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးခဲ့သည့် ဒုတိယနှစ် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့မှုတစ်ခု စက်တင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ယင်းအမှုမှာ တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းခြင်းပြီး စက်တင်ဘာ ၂၄ ရက်တွင် မြို့နယ်ဆေးရုံသို့ ရေနစ်သေဆုံးသူ အမျိုးသား အလောင်းတစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ မောင်ထက်ကိုကိုဦး (၂၂)နှစ်၊ အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (GTC)ဒုတိယနှစ် ကျောင်းသား အမှတ် (အ/၁၀)၊ မြ၀တီလမ်း၊ အုန်းပင်စုရပ်ကွက်၊ တွံ့ တေးမြို့နေသူဖြစ်သည်ကို စစ်ဆေးတွေ့ရှိ ထားသည်။ ၄င်းသည် စက်တင်ဘာ ၂၃ ရက် နံနက် ၂ နာရီအချိန်က သူငယ်ချင်းဖြစ်သူ စည်သူ ၊ ချစ်ဦးတို့နှင့်အတူ အရက် သောက်ပြီး မင်းပိုင် ရပ်ကွက်၊ မော်တော်လေး ရေဆိပ်ရှိ တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့ ခြင်းဖြစ်သည်ကို သိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။ ထို့ကြောင့်ပင် သူ၏ သူငယ်ချင်းဖြစ်သူများက ပျောက်ဆုံးသူ၏ မိသားစုဝင်များအား အကြောင်းကြားပြီး လိုက်ရှာခဲ့ရာ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ပျော်ဘွယ် လေးကျေးရွာထိပ် တွံတေးတူးမြောင်း အတွင်းမှ ရှာဖွေတွေ့ ရှိခဲ့သည်ဟု သိရသည်။ လက်ရှိတွင် သေဆုံးသူအလောင်းအား တွံတေးဆေးရုံသို့ ပို့ဆောင်ထားပြီး မြို့နယ် ရဲစခန်းက ယင်းသေဆုံးမှုကို သွေးရိုးသားရိုး ရေနစ်သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို သေမှု သေခင်းအမှတ်စဉ် ၁၄/၂၀၁၃ဖြင့် စုံစမ်း စစ်ဆေးနေသည် ဟု တိုင်းရဲဌာနက ဆိုထားသည်။ Post by Burma News from Mizzima. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment