Thursday, September 26, 2013

တရုတ်ပြည် လွတ်လပ်ကုန်သွယ်ဇုန်တွင် Facebook/Twitter အသုံးပြုခွင့် ရမည်

 TechSpace Web Blog / 9 mins ago ကမ္ဘာမှာ တရုတ်ပြည်ဟာ အင်တာနက် ပေါ်လစီ အတင်းကြပ်ဆုံး နိုင်ငံ ဖြစ် ပါတယ်။ ၂၀၀၉ ခုနှစ်က စလို့ Facebook နဲ့ Twitter အသုံးပြုခွင့်ကို တရုတ်ပြည်မှာ တားမြစ်ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။ Google ကိုလည်း Feature အချို့ သာ ဖွင့်ထားပေးပြီး အသုံးပြုစေတဲ့အခြေအနေ တစ်ခု ဖြစ်ပါ တယ်။ ခုတော့ Free Trade Zone အတွက် ဖွင့်ပေးပါတော့ မယ်။ သို့ပေမယ့် ဝမ်းနည်းစရာက ယင်းဖွင့်ပေးမှုဟာ နိုင်ငံခြားသားတွေ အတွက် ပဲ ဖြစ်ပါတယ်။ Free Trade Zone တစ်ခု သတ်မှတ်ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများကို စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင်စေ မယ့် နေရာဒေသ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်နေရာတွေ ဖြစ်မယ် ဆိုတာကိုတော့ မကြေညာသေး ပါဘူး။ Facebook တို့၊ NY Time တို့ကနေ သတင်းအချက်အလက်ကို လွတ်လပ်စွာ ဖတ်ရှုခွင့် မရှိတဲ့ နိုင်ငံခြားသား တစ်ယောက် အနေနဲ့ တရုတ်ပြည်မှာ စီးပွားရေး လုပ်ရန် ဝံ့ရဲမှာ မဟုတ်ကြောင်း တရုတ်ပြည်မ အစိုးရ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ လက်ရှိ တရုတ်ပြည်ဟာ ကမ္ဘာအကောင်းဆုံး Firewall မှာ အသုံးပြုနေ တဲ့ နိုင်ငံလို့လည်း လူသိများ၊ ကျော်ကြား ပါတယ်။ အကြောင်းကတော့ တရုတ်ပြည်သို့ ဝင်ရောက်တဲ့ အင်တာနက်လိုင်းများကို ဖြတ်တောက်၊ တားဆီးမှုများကို သေချာ ပြုလုပ်ထားလို့ပါ။ ဟောင်ကောင်နဲ ထိုင်ဝမ် ကတော့ တရုတ်ပြည်မ နဲ့ စာရင် လွပ်လပ်ပြီး Social Media အသုံးပြုခွင့် ရှိပါတယ်။ Facebook/ Twitter ကို တစ်နိုင်ငံလုံး အသုံးပြုစေနိုင်ရန် အတွက်လည်း တောင်းဆို ဆွေးနွေးတဲ့ တရုတ် ခေါင်းဆောင်ကြီးများလည်း ရှိနေကြောင်း သိရပါတယ်။ . Ref: mashable အောင်ခမ်း ( TSJ Team ) . Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment